Eleven

1.1K 141 1
                                    

Uni

"fame fame.. fame"

ငြိမ်နေသည့် ကောင်လေးဆီမှ သူ့သူငယ်ချင်း၏ နာမည်ထွက်လာသည်မို့ Hudson အကြည့်တွေ ကောင်လေးဆီ ရောက်သွားသည်။ ဆံပင်ရွှေဝါရောင်ဆိုးထားသည့် ဖြူဖတ်ဖတ်ကောင်လေးက သတိလစ်နေခဲ့တာကြောင့် မျက်လုံးလေးတွေဖောင်းကာ အား‌နည်း‌သလိုဖြစ်နေသည်။ သူ၏ လက်ချောင်းများကတော့ အိပ်ရာခင်းကို တင်းတင်းဆုပ်ကိုင်ထားတာ တော်တော်လေး လူးလွန့်လာတာမို့ သူနိုးလာတော့မည်မှန်း Hudson ခန့်မှန်းမိလိုက်သည်။

သိပ်မကြာလိုက်။ မျက်ဝန်းနက်နက်လေးတွေကို သူ ပြန်မြင်ရသည်။ ဝေယံကတော့ နိုးလာကတည်းက အလန့်တကြားဖြစ်ကာ စောင်ကို တင်းတင်းကိုင်ရင်း ထမထိုင်ရုံတမယ်။ မရင်းနှီးသောအခန်းနှင့် အခြေအနေကို စစ်ဆေးနေရင်း ‌ကုတင်ဘေးမှာ နီးနီးကပ်ကပ် ရပ်နေသော Hudson ကိုအတွေ့မှာ စူးစူးဝါးဝါးအော်မိသွားသည်။

မဟုတ်ဘူး။ ညသန်း‌ေခါင်မှာ သူ့ကိုကားမောင်းပို့ခဲ့တဲ့ အဲ့ဒီကြောက်စရာလူကို သူ ထပ်တွေ့စရာ အကြောင်းမရှိဘူးမလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူက လူလားသရဲလားတောင် သူမသိပေ။ သရဲဖြစ်ဖို့များသည်။ ဟိုမကောင်းဆိုးဝါးကို ကိုးကွယ်သည့် သရဲတစ်ကောင်။

ဒါနဲ့ သူရော ဘာလို့ ဆေးရုံလိုအခန်းထဲရောက်နေတာတဲ့လဲ။ ဘာတွေဖြစ်ကုန်ပြီလဲ။ fame ကရော?

"ညီညီ နိုးလာပြီ"

ရုတ်တရက် အခန်းတံခါးပွင့်သွားကာ ကိုကြီးက အမြန်အဆန် ပြေးဝင်လာသည်။ ဝေယံ ကိုကြီးဆီ ပြေးသွားလိုက်ပေမဲ့ အားနည်းနေသည့် ခန္ဓာကိုယ်ကြောင့် လမ်းတစ်ဝက်မှာတင် ‌ေခွကျသွားသည်။ Hudson လှမ်းပွေ့ပေးလိုက်ပေမဲ့ ဝေယံက အကြောက်လွန်နေသလို ဖျတ်ဖျတ်လူးသွားကာ မာန်ဝင့်ထည်ဆီသို့ အိမ်မြောင်တစ်ကောင်လို သွားကပ်နေသည်။ သူ့တစ်ကိုယ်လုံးက တုန်ရီနေတာ မပျောက်သေး။

"ကိုကြီး.. ကိုကြီး အခု ဘယ်လိုတွေဖြစ်သွားပြီလဲ fame ရော ဘယ်မှာလဲ"

"စိတ်အေးအေးထားပါ ညီညီရာ သူဘေးအခန်းမှာပဲ။ သတိပဲလစ်နေတာ ဘာမှမဖြစ်ဘူး"

မာန်ဝင့်ထည်က ဝေယံ့ကို ဖြောင်းဖျပေမဲ့ ဝေယံ့တုန်လှုပ်မှုက ပိုဆိုးလာသည်။ သူက နာနာခံခံနဲ့ အိပ်ရာဆီပြန်သွားမည့်အစား တစ်ဖက်အခန်းကိုပဲ သွားကြည့်ချင်နေသည်။ ကြာတော့ မာန်တစ်ယောက် စိတ်တိုလာပုံရသည်။

Love Death (Completed)Where stories live. Discover now