Ten

1.2K 140 11
                                    

Uni

"ကောင်းလိုက်တာ"

မျက်လုံးမှိတ်ထားရာမှ ရုတ်တရက်ဖွင့်လိုက်တော့ အပြာရောင်မျက်ဝန်းတွေက ကြည်လင်နေသည်။ ထိုမျက်ဝန်းများကို တစ်ချက်ကြည့်လိုက်ရုံနှင့် အမည်တပ်ရခက်သော အောင့်သီးအောင့်သက်ဖြစ်မှုကို ခံစားရလိမ့်မည်။

လတ်တလောမှာတော့ ထိုသူက ဝမ်းမြောက်စွာ ပြုံးနေသည်။ တစ်စုံတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသူ တစ်ယောက်လို။

"အရှင်က သူ့ကို ရဖို့ သိပ်မလိုတော့ဘူးပဲ"

သူသည် သူ၏အိပ်ကပ်ထဲရှိ အလွန်သေးငယ်လှ‌သော သစ်သားဓားကို ပွတ်သပ်ရင်းဆိုလိုက်သည်။ ထိုအခိုက် သူ၏ လက်ကိုင်ဖုန်းက အသံမြည်လာသည်။ အခန်းသည် အနည်းငယ်မှောင်မည်းလျက်ရှိသည်။ သူက ဖုန်းကိုင်ကာ နားလည်ရခက်သော ဘာသာစကားအချို့နှင့် ဝမ်းမြောက်စွာ ပြောဆိုနေသည်။ သူ၏ အနီးအနားတွင်တော့ ကုတင်တစ်ခုရှိကာ ထိုပေါ်၌ ကောင်လေးတစ်ယောက် လဲလျောင်းနေသည်ကို ထင်ထင်ရှားရှားမြင်နေရသည်။

ဖုန်းကိုချပြီးသည်နှင့် ထိုသူသည် ကောင်လေးဆီသို့ မနှေးမမြန်လျှောက်သွားခဲ့သည်။ ဆေးရုံဝတ်စုံနှင့် ကောင်လေးသည် ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးရှိနေသည်။ တစ်ချက်တစ်ချက် ကြောက်လန့်တကြား ညည်းတွားပြီး မျက်ရည်တွေကျလာတာကလွဲလို့ ဘာမှ အန္တရာယ်မရှိ။ ဒီကလေးက မကြာခင် နိုးလာလိမ့်မည်။ အဲ့ဒီအချိန်ရောက်တာနဲ့ သူလည်း သူ့ပင့်ကူမျှင်ကို ယက်လို့ရပြီ။

အကြံအစည်ကြီးသော မျက်ဝန်းများက တည်ငြိမ်စွာဖြင့် ကောင်လေးကို ကြည့်နေခဲ့သည်။ ထိုအခိုက် တံခါးဖွင့်သံက အလောတကြီးထွက်ပေါ်လာသည်။ လူတစ်ယောက် ပြေးဝင်လာသည်နှင့် သူ့မျက်နှာပေါ်တွင်ရှိခဲ့သော အရာအားလုံးက အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားကာ ယဉ်ကျေးသည့်အပြုံးနှင့် စိတ်ပူမှုထင်ဟပ်နေသော အမူအရာတို့အဖြစ် ပြောင်းလဲသွားသည်။

"ဝေယံ.. ဝေယံ ဘယ်လိုဖြစ်ရတာလဲ"

အညိုရောင်ကုတ်အင်္ကျီဝတ်ထားသော အမျိုးသားက စိတ်ပူတကြီး‌ေရရွတ်လာသည်။ မျက်လုံးပြာပိုင်ရှင်သည် ထိုအမျိုးသားနောက်မှာ တလေးတစား သွားရပ်လိုက်သည်။

Love Death (Completed)Where stories live. Discover now