"ထယ်ယောင်း မင်းသောက်ထားတာ
ကားမောင်းလို့ဖြစ်ပါ့မလား"ယွန်းဂီကထယ်ယောင်းအား စိုးရိမ်တကြီးမေးလာသည်။
ယွန်းဂီအမေးကို ထယ်ယောင်းကမဲ့ပြုံးလေးတစ်ခုဆင်မြန်းရင်း"ငါမမူးပါဘူး မောင်းလို့ရတယ်
ခါတိုင်းလည်းသောက်ပြီးဒီလိုပဲပြန်နေကျ
မင်းကြောက်လို့လားယွန်းဂီ"ထယ်ယောင်းကကားစက်နှိုးပြီးမမောင်းသေးပဲ ယွန်းဂီဘက်သို့လှည့်ကာပြောသည်။ထယ်ယောင်းမျက်ဝန်းတွေက
အနည်းငယ်ဒေါသရိပ်သမ်းနေသည်။"ငါမကြောက်ပါဘူး ငါမင်းကိုစိုးရိမ်လို့ပါ"
ယွန်းဂီစိတ်ထဲရှိတဲ့အတိုင်းပြောပြလိုက်သည်။
"ဟုတ်ပြီ မင်းကိုအိမ်သေချာလိုက်ပို့ပေးမှာပါ"
"အင်း"
ယွန်းဂီ ထယ်ယောင်းကိုကြည့်၍အနည်းငယ်တော့
ကြောက်စိတ်ဝင်မိသည်။အရက်တစ်ပုလင်းလုံးသောက်ပေမယ့် ထယ်ယောင်းကတစ်ကယ်ကိုမူးနေပုံမရ။တစ်ခုခုကြောင့်
စိတ်ရှုပ်နေတဲ့ပုံပေါက်ပြီး သူ့စကားများကိုလည်းရွဲ့နေသလိုပင်။မိနစ်၂၀လောက်မောင်းအပြီးမှာ ယွန်းဂီခြံရှေ့သို့ကားဆိုက်သည်။မီးပွိုင့်ကမီးနီတွေကိုပါ ဂရုမစိုက်ပဲဖြတ်မောင်းလာသောကြောင့် အသွားထက်ပိုမြန်သည်။ယွန်းဂီကတော့ မီးနီဖြတ်မောင်း၍လန့်နေပေမယ့် ထယ်ယောင်းကတော့
အေးဆေးပင်။ထယ်ယောင်းကားအနီလေးခြံရှေ့ရောက်တာနဲ့ယွန်းဂီတို့ခြံစောင့်ဦးလေးကြီးက ခြံတံခါးဖွင့်ပေးသည်။တံခါးပွင့်တာနဲ့ အမျိုးသားတစ်ဦးကခပ်မြန်မြန်သူတို့ကားဆီလျှောက်လာသည်။ယွန်းဂီကိုဖုန်းဆက်တဲ့'အစ်ကို'ဆိုတဲ့တစ်ယောက်ဖြစ်မည်။အရပ်အတော်ရှည်၍ သားသားနားနားဝတ်စားထားသည်။ယွန်းဂီလိုပင်ဖြူဖွေးသောအသားအရောင်ရှိ၍ ကြည့်လိုက်တာနဲ့တင် အရှိန်အဝါတစ်ခုကထင်းထွက်နေသောလူဖြစ်သည်။ကားပေါ်ကဆင်းသွားသော ယွန်းဂီကို'ငယ်လေး'ဟုခေါ်သည်။သူလည်းကားပေါ်ကဆင်းလိုက်ပြီးယွန်းဂီနှင့်စကားပြောနေသောလူကို ကြည့်နေလိုက်သည်။