နာမည်ကြီးဒီဇိုင်နာလက်ရာ အနက်ရောင်suitဝမ်းဆက်ဖြင့် သားနားနေသည့်ထယ်ယောင်းကိုကြည့်ပြီး နာဘီခေါင်းခါရင်းသက်ပျင်းချသည်။
"နင်ခုလိုလုပ်နေတာ...ငါဖို့လား...နင်ဖို့လား"
"စကားမများနဲ့ယူနာဘီ"
နာဘီရဲ့ခပ်ရွဲရွဲ့အမေးကို ထယ်ယောင်းကနေသားမကျတဲ့နက်ခ်တိုင်ကို ညီညာအောင်ပြင်ပြီးဖြေသည်။အနက်ရောင်ပြန်ဆိုးထားတဲ့ဆံပင်တွေကို အပြောင်သိမ်းတင်ထားသည့်ထိုအမျိုးသားက အတော်ခန့်ညားပြီးချောမောလှသည်။နဂိုတည်တင်းနေသည့်မျက်နှာထားကပင် ထိုချောမောမှုကိုပိုထောက်ပံ့နေတာဖြစ်သည်။
"သွားမယ်"
"ဟူး...နင့်အကြောင်းငါသိတယ်နော်V"
"နင်ထပ်စကားများရင်နေခဲ့လိုက်တော့ယူနာဘီ"
"အံမယ်...ဖိတ်စာကငါ့လက်ထဲမှာနော်"
"အဲ့တော့...."
ဘယ်လောက်စကားနိုင်လုလု ဒီကောင့်ကိုမနိုင်တာမို့လက်လျော့ပြီး ပေါင်အထက်နားထိခွဲထားတဲ့ကျောက်စိမ်းရောင်ပိုးသားဂါဝန်ကိုမ၍ ရှေ့ကမြန်မြန်သွားနေတဲ့အကောင်နောက်ကိုလိုက်ရတော့သည်။
.
."ငယ်လေး"
"အစ်ကို!!"
ကိုရီးယားပြန်ရောက်တည်းကမတွေ့ရသေးတဲ့ညီလေးကို ပွဲကိုမလာဘူးဟုတမင်ပြောပြီး ခုလိုတိတ်တိတ်လေးစပရိုက်လာလုပ်တော့ အံ့သြပြီးပြေးဖက်တော့သည်။မတွေ့ရတဲ့6နှစ်အတွင်းမှာ ငယ်လေးကပိုရင့်ကျက်လာတဲ့ပုံပေါက်ပြီးလူကြီးလေးဖြစ်လာပြီ။
"အစ်ကိုဟာနူးရော"
"ငယ်လေးကတော့ကွာ...အစ်ကိုတစ်ယောက်လုံးမျက်စိရှေ့ရောက်နေတာတောင်...နူးကိုပဲမေးနေတာပဲ...စိတ်မကောင်းဖြစ်သွားပြီ"
ယောက်ဖကိုအစ်ကိုထက်ပိုချစ်တဲ့ညီကို တမင်စိတ်ကောက်ဟန်ပြတော့ ရယ်သံတိုးတိုးကိုကြားရသည်။
"အစ်ကို့ကိုကျွန်တော်အရမ်းလွမ်းနေတာ...အစ်ကိုဟာနူးကိုရောပဲ"