ဘာအစီစဥ်မှမရှိပဲညတွင်းချင်းရောက်ချလာပြီးမှ ထယ်ယောင်းမှာနောင်တရချင်သလိုလိုဖြစ်နေသည်။အနီးအနားမှာဟိုတယ်ဆိုတာလည်းမရှိသလို ဘာဆိုဘာမျှမရှိ။ဒီအိမ်ပိုင်ရှင်ဂမ်ရီဆိုတဲ့အဘွားကြီးက အခန်းတွေလွတ်နေလို့ငှားထားတာလည်း ယွန်းဂီနဲ့အခုဘေးကအားနေရယ်နေတဲ့ပါးချိုင့်နက်နက်နဲ့လူနဲ့တင် အခန်းကပြည့်နေပြီဟုဆိုသည်။ယွန်းဂီနဲ့တစ်ခန်းနေရအောင်ကြံပါသော်လည်း မင်ယွန်းဂီတို့ကခါးခါးသီးသီးပင် 'မနေနိုင်ဘူး...ပြန်' ဆိုတာချည်းပင်။ဒီကောင်ကစိတ်မချလို့လိုက်တာကို ပြန်စရာလား?ကပ်သပ်ပြီးအတင်းတောင်းဆိုတော့ အင်ဂျင်နီယာခေါင်းဆောင်ဆိုတဲ့တစ်ယောက်နဲ့ တူတူအခန်းမျှနေဖို့ဖြစ်လာသည်။
"ကျွန်တော့်နာမည်ကဟုန်းဒူရှစ်ပါ...glory ဗီလာpjအတွက် တာဝန်ယူထားရတဲ့အင်ဂျင်နီယာခေါင်းဆောင်ပါ...ရှေ့လျှောက်ကူညီပေးပါဦးဗျာ"
"မကူညီနိုင်ဘူး...အားအားယားယားတွေ"
ထယ်ယောင်းရဲ့ရည်ရည်မွန်မွန်ပြန်နှုတ်ဆက်မှုကြောင့် ဒူရှစ်မှာကြောင်တောင်တောင်လေးအခန်းဝ၌ကျန်ခဲ့သည်။အဓိကရှယ်ယာရှင်ဆိုတာကြောင့် သည်းမခံလို့လည်းမရတာမို့ဟန်လုပ်ပြုံးပြနေရသည်။
"ကုတင်ကတစ်ယောက်အိပ်ပဲ...ဘယ်လိုလုပ်မှာလဲ"
"ဟို...လူကြီးမင်းပဲအသုံးပြုလိုက်ပါ...ကျွန်တော်ကကြမ်းပြင်မှာအိပ်လည်းရပါတယ်"
"အိုကေလေ"
ထယ်ယောင်းကပြောရင်းနဲ့ ကုတင်ပေါ်မှာကန့်လန့်ဖြတ်လှဲချလိုက်သည်။မွေ့ယာဆိုသော်လည်း အိမ်ကမွေ့ယာနဲ့မတူပဲကြမ်းတမ်းလှသည်။ဘာပဲဖြစ်ဖြစ် ယွန်းဂီနဲ့တစ်လအတွင်းပြန်နီးစပ်နိုင်မယ့်အခွင့်ရေးမို့ သည်းခံပြီးအကောင်းဆုံးနေရမည်။
"ဟို...ကျွန်တော့်ကိုခေါင်းအုံးတစ်လုံးလောက်...."
ဒူရှစ်ကကြမ်းပေါ်မှာစောင်ထူထူခင်းပြီးတော့ ခေါင်းအုံးဖို့မရှိတာမို့ ထယ်ယောင်းကိုကြောက်ကြောက်နှင့်ခေါင်းအုံးလှမ်းတောင်းသည်။သို့သော် အိပ်ပျော်သွားတာပဲလား?တမင်ပဲမသိချင်ယောင်ဆောင်နေလားမသိ ပြန်ဖြေသံမကြားရတာကြောင့် ခေါင်းကုတ်ရင်းနဲ့သာအနွေးထည်ကိုခေါင်းအုံး၍အိပ်ရတော့သည်။သူတော့ ရှေ့လျှောက်အများကြီးပင်ပန်းတော့မှာပဲ။