"စိုးရိမ်စရာမရှိတော့ပါဘူး...အနည်းငယ်ပဲစားမိတဲ့အတွက်အစာအိမ်ဆေးစရာမလိုတာမို့...သက်သာအောင်ဆေးထိုးပြီးပါပြီ...လူနာကအားနည်းနေလို့အကြောဆေးပါတစ်ခါတည်းသွင်းပေးခဲ့ပါတယ်...ဒါဆိုခွင့်ပြုပါဦး"
ဆရာဝန်ပြောတာကို ခေါင်းသာညိတ်ပြလိုက်သည်။ကုတင်ပေါ်မှာဆေးပိုက်တန်းလန်းနဲ့ လှဲနေတဲ့ယွန်းဂီကိုမြင်ပြီး ရင်ထဲမှာပူလောင်လွန်းသည်။သူ့အပေါ်ကိုလဲကျလာတဲ့ ပုံရိပ်လေးကိုပြန်မြင်တိုင်း လီမင်နာကိုသတ်ချင်စိတ်ကတဖွားဖွား။
"သက်သာရဲ့လား"
အားနည်းနေတဲ့မျက်ဝန်းညိုလေးကိုမေးလိုက်တော့ ခေါင်းရဲ့ရဲ့လေးညိတ်ပြသည်။လက်ကိုကိုင်ဖို့လုပ်တော့ယွန်းဂီက သူ့ဗိုက်ပေါ်ကိုတင်လိုက်သည်။မကိုင်စေချင်မှန်းသိတာမို့အတင်းမလုပ်တော့ပဲ ဘေးမှာထိုင်လိုက်သည်။
"ကျေးဇူးပါထယ်ယောင်း"
"ကျစ်!...ကျေးဇူးတင်တာတွေ...တောင်းပန်တာတွေမကြိုက်ဘူးဆိုတာ...မင်းသိသားနဲ့"
"မသိတော့ဘူး...ငါအကုန်မေ့ပစ်လိုက်ပြီ"
"ယွန်းဂီ!"
မေ့ပစ်လိုက်လို့မရဘူး။နွေရာသီကျောင်းပိတ်ရက်ကာလတိုလေးမှာ အတူရှိနေခဲ့တာကိုယွန်းဂီမေ့ပစ်လို့မဖြစ်ဘူး။
"ငါ့ဖုန်းယူပေးပါ...မင်နာစိတ်ပူနေလိမ့်မယ်"
"ငါစိတ်ပူနေတာကိုရော...မင်းမမြင်ဘူးလား!!"
နေမကောင်းတဲ့လူကိုမအော်သင့်မှန်းသိပေမယ့် ကျွန်တော်ကနဂိုတည်းကအရိုင်းအစိုင်းမလား?အမြဲလီမင်နာ နာမည်ပဲတနေတဲ့ယွန်းဂီကြောင့် ဒေါသကလှိုက်ခနဲထွက်လာသည်။သေလောက်အောင်စိုးရိမ်နေတဲ့ ဒီကောင့်ကိုတော့နည်းနည်းလေးတောင်အရေးမလုပ်ဘူး။
"မမြင်ဘူး...မြင်ပေးရအောင်လည်းငါတို့ကဘာမှမဟုတ်ဘူးထယ်ယောင်း...မင်နာကငါ့ချစ်သူ...ငါလက်ထပ်ယူမယ့်မိန်းကလေး...ငါ့စိတ်ထဲမှာမင်နာပဲရှိတယ်"
"မင်ယွန်းဂီ!!...မင်း!!...ရော့...ဆက်လိုက်...မင်းကိုသောက်ရမ်းစိုးရိမ်နေမယ့်အဲ့မိန်းမကိုဆက်လိုက်!!...ငါကတော့သေသေရှင်ရှင်မင်းနဲ့မဆိုင်ဘူး...မင်းလိုချင်တာဒါမလား...ဖြစ်စေရမယ်"