မနက်ခင်းလေအဝေ့မှာတစ်ပွင့်ချင်းကြွေကျနေတဲ့ စကားပန်းဖြူဖြူလေးတွေကိုကြည့်ရင်း ထိုပန်းဖြူဖြူလေးတွေကိုသဘောကျတယ်ဆိုတဲ့ကောင်လေးကို ပြောမပြတတ်အောင်လွမ်းနေမိသည်။သူလည်းစကားပန်းဖြူဖြူလေးသာဆို ထယ်ယောင်းကမြတ်နိုးမှာလား?တစ်ခါတစ်လေစိတ်လွတ်သွားတဲ့အချိန်တွေဆို ထယ်ယောင်းသဘောကျတယ်ဆိုတဲ့ ထိုစကားပန်းဖြူဖြူတွေကိုမနာလိုမိသား။သက်မဲ့ပစ္စည်းလေးတစ်ခုအတွက်နဲ့တောင် ရင့်ကျက်တယ်ဆိုတဲ့ကျွန်တော်က မနာလိုဖြစ်နေမိတာ။
ကျွန်တော့်ရူးသွပ်မှုကို ကျွန်တော်တောင်နားမလည်နိုင်လောက်တဲ့အထိပင်။
တစ်ညလုံးမအိပ်စက်ပဲငိုထားတာကြောင့် ယွန်းဂီမျက်လုံးတွေက နီရဲပြီးကျိန်းစက်နေသည်။အိပ်ယာထက်မှာဒူးနှစ်ချောင်းကိုပူးပြီးလက်လေးနဲ့ပိုက်ထားကာ ပြတင်းပေါက်ကတစ်ဆင့်မြင်နေရတဲ့ ခြံထဲကဖွေးဖွေးလှုပ်နေတဲ့
စကားပန်းဖြူပင်ကြီးကိုငေးကြည့်သည်။မဖိတ်ခေါ်ပါပဲ
မျက်ရည်တွေကလည်း တလှိမ့်လှိမ့်ကျရင်းနဲ့ပေါ့။မနေ့ညနေကအိမ်ပြန်ရောက်တော့ ထင်ထားတဲ့အတိုင်းဖေဖေက သူ့ဖုန်းကိုဆက်မရတာကြောင့် အဘိုးဆီကိုဖုန်းဆက်ပြီး ကျွန်တော့်ကိုကလန်ကဆန်လုပ်လို့ဆိုပြီး ဆုံးမခိုင်းတယ်တဲ့။အဘိုးကကျွန်တော့်ကို ဆူတဲ့စကားတစ်ခွန်းတောင်မဆိုပဲ မျက်ရည်တွေဝဲပြီးပြန်လာတဲ့ကျွန်တော့်ကို နွေးထွေးသောလက်တစ်စုံနဲ့ကမ်းပေးပြီး ခေါင်းလေးပွတ်ပေး၍ ပျော်ပျော်နေဖို့ပဲပြောခဲ့တယ်။အဘိုးကတိခံလိုက်လို့သာ ပြဿနာကဒီလောက်နဲ့ပြီးသွားတာ။ဖေ့ဖေ့အကြောင်းကိုနောကျေနေပြီမို့ ရှေ့လျှောက်ကျွန်တော်သတိထားဖို့တော့လိုအပ်တယ်။
'ဒေါက်...ဒေါက်'
"ယွန်းဂီလေးရေ...မနက်စာစားဖို့အဘိုးကလာခေါ်ခိုင်းလို့ပါ"
အန်တီယွန်းလာပြောတော့မှ သတိရသည်။8နာရီမှာ
မနက်စာစားဖို့ကို သူမေ့လျောနေတာပဲ။ဒါပေမယ့်လည်းမို့အစ်နေတဲ့မျက်ခွံတွေကို တွေ့ရင်အဘိုးကစိတ်ပူနေမှာမို့...