ပိတ်ရက်ရောက်တာနဲ့ ဂမ်ရီအိမ်မှာတည်းနေတဲ့ကောင်လေးသုံးယောက်လုံးကအိမ်ပြန်ကြသည်။ခဏပဲလာနေသော်လည်း သံယောဇဥ်တွယ်နေတာမို့ ဂမ်ရီမှာခဏလေးခွဲရတာတောင်မျက်ရည်ဝဲသည်။ယွန်းဂီကတစ်ယောက်တည်းတစ်စီး၊ထယ်ယောင်းနှင့်ဒူရှစ်ကတစ်စီးပြန်သွားသည်။ဒူရှစ်ကယွန်းဂီနဲ့ကားကပ်စီးဖို့ကြံသော်လည်း ထယ်ယောင်းကိုကြောက်၍ နောက်ဆုံးတော့ထယ်ယောင်းကားနဲ့သာပြန်လာခဲ့ရသည်။အနောက်ခန်းကခွေးဘီဘူးကြီးlufiကို အရိပ်တကြည့်ကြည့်လုပ်ရင်းပြန်သွားတဲ့ကားနှစ်စီးကို ဂမ်ရီကတာတာ့ပြရင်းကျန်ခဲ့သည်။
"ကျွန်တော့်ကို...အီထယ်ဝန်ထိပဲပို့ပေးရင်ရပါပြီလူကြီးမင်း"
"ငါကမင်းဒရိုင်ဘာလား"
"မ..မဟုတ်ပါဘူး...အိမ်ထိလိုက်ပို့ရင်ပင်ပန်းမှာစိုးလို့ပါ"
"ဘယ်အိမ်ထိမှလိုက်မပို့ဘူး...မြို့ထဲရောက်တာနဲ့ဆင်း!"
"ဟုတ်ကဲ့"
ဒူရှစ်မှာ လက်ပေါက်ကပ်တဲ့ထယ်ယောင်းကိုဘာမှဆက်မတောင်းဆိုတော့ပဲ မျက်နှာရှုံ့မဲ့၍အနောက်ကလျှာတန်းလန်းနဲ့lufiကိုကြောက်ရင်းပါလာခဲ့သည်။
ထယ်ယောင်းကားအနက်ရောင်လေးကအနောက်ကဖြစ်ပြီး ယွန်းဂီကားအဖြူလေးကအရှေ့မှဖြစ်သည်။ထယ်ယောင်းကအရှိန်ကုန်တင်၍မောင်းတတ်သူဖြစ်သော်လည်း ယွန်းဂီကိုစိတ်မချတာကြောင့် အနောက်ကနေကားကြည့်ပေးရင်းဖြင့်အေးဆေးသာမောင်းလိုက်လာခဲ့သည်။
.
."ကျွန်တော်ပြန်ရောက်ပါပြီ"
အခန်းထဲတန်းဝင်သွားချင်သော်လည်း ဧည့်ခန်းထဲမှာရှိနေတဲ့မိဘနှစ်ပါးကို ဝတ္တရားအရနှုတ်ဆက်လိုက်သည်။
"သားပြန်လာမယ်ဆိုတာသိလို့...မေမေကသားအကြိုက်တွေချည်းချက်ပေးထားတယ်"
မေမေကထလာ၍ ကျွန်တော့်လက်ကိုကိုင်ရင်းပြောသည်။မေမေ့လက်တွေကနွေးထွေးပါသော်လည်း အလုပ်ကပင်ပန်းလာရင် အမောပြေဖျော်ရည်တိုက်တတ်တဲ့ဂမ်ရီလက်တွေကိုတော့မမှီပေ။