25

319 28 2
                                    

မနက်စာစားဖို့အတွက် ခြံဝန်းထဲကကွပ်ပျစ်​ပေါ်မှာအားလုံးထိုင်​နေကြသည်။သို့​သော် ယွန်းဂီက​တော့မလာ​သေး။​ထယ်​ယောင်းက​တော့ ဟိုး​နေ့ညတည်းကသူ့ကို​ရှောင်​နေတဲ့ယွန်းဂီ​ကြောင့် ခုလည်းရှက်လို့မလာဘူးလို့ထင်ပြီး သိပ်စိတ်ထဲမထားပဲစား​သောက်​နေသည်။ဒူရှစ်က​တော့ ကိုယ့်သူ​ဌေးတစ်​ယောက်လုံးမလာ​သေးတာ​ကြောင့် မစား​သေးပဲ​စောင့်နေသည်။အတန်ကြာတဲ့ထိမလာ​သေးတာ​ကြောင့် ဂမ်ရီကို​မေးဖို့ပြင်ရ​တော့သည်။

"ဂမ်ရီ...ယွန်းဂီကဘာလို့မလာစား​သေးတာလဲ"

"အိုကွယ်...ငါလည်းခုမှသတိရတယ်...အသက်ကြီး​တော့ဦး​နှောက်​တွေကမ​ကောင်း​တော့ပါဘူး​အေ...ယွန်းဂီကအ​စောကြီးတည်းက အလုပ်ကိစ္စရှိလို့ဆိုပြီး...ဆိုးလ်ပြန်သွားပြီ...မင်းတို့ကို​ပြောဖို့​မေ့​နေတာ"

ဂမ်ရီ​ပြော​တော့မှ ​ထယ်​ယောင်းစား​သောက်​နေတာရပ်သွားသည်။ယွန်းဂီက ဆိုးလ်ကိုအ​စောကြီးပြန်ရ​လောက်​အောင် ဘာကိစ္စရှိလို့လဲ?မဟုတ်မှလွဲ​ရော..လက်ထပ်ဖို့ကိုများအတင်းသ​ဘောတူ​တော့မလို့လား?မဖြစ်ဘူး။

​ထယ်​ယောင်း ထမင်းစားပွဲက​နေမြန်မြန်ထသွားပြီး အခန်းထဲဝင်၍လိုအပ်တာ​​တွေကိုယူပြီး ပြန်ထွက်လာသည်။

"ဘာဖြစ်လို့လဲ ​ထယ်ထယ်"

ဂမ်ရီက ပြာယာခတ်​နေတဲ့​ထယ်​ယောင်းကိုလှမ်း​မေး​​တော့သည်။

"ကျွန်​တော် ယွန်းဂီ​နောက်လိုက်သွားရမယ်...ကျွန်​တော်တို့မရှိတုန်း ဂရုစိုက်ပါ...ဒူရှစ်...ဂမ်ရီကိုဂရုစိုက်​ပေးပါ"

​ထယ်​ယောင်းကထိုမျှ​သာပြောပြီးlufiကို​ခေါ်၍ ကားကိုဝူးခနဲ​မောင်းထွက်သွား​တော့သည်။ဒူရှစ်မှာ​တော့ သူ့ကိုတရင်းတနီးနာမည်​ခေါ်ကာ အကူညီ​တောင်းသွားတဲ့လူကြီးမင်း​ကြောင့် စား​နေရင်းတန်းလန်း​ကြောင်အအနဲ့ကျန်ခဲ့သည်။ဂမ်ရီက​တော့ မနက်အ​စောကြီးအိမ်မှာမရှိ​တော့တဲ့ ​ကောင်​လေးနှစ်​ယောက်​ကြောင့်ဝမ်းနည်း​ပေမယ့်လည်း ပြန်​ပြေလည်​တော့မယ်လို့ထင်ရတဲ့ထို​ကောင်​လေး​တွေ​အတွက် ​ဝမ်းသာ​နေ​တော့သည်။

Light(completed)Where stories live. Discover now