လာခေါ်ပေးပါလို့ပြောတဲ့ယွန်းဂီကြောင့် စိုးရိမ်စိတ်တွေနဲ့မီးနီတွေကျော်ဖြတ်မောင်းလာခဲ့သည်။ပြောတဲ့နေရာကိုရောက်တော့ ကားလမ်းမဘေးကသစ်သားထိုင်ခုံမှာ ငူငိုင်ပြီးငိုနေတာကိုတွေ့ရသည်။လမ်းသွားလမ်းလာတွေအမြင်ကိုပင် ဂရုမစိုက်ရအောင် ယွန်းဂီကဘယ်လောက်များဝမ်းနည်းနေခဲ့လဲ?
"ယွန်းဂီ!!!"
ကားပေါ်ကဆင်းဆင်းချင်းအော်ခေါ်လိုက်တော့ မျက်ရည်တွေစိုရွှဲနေတဲ့မျက်ဝန်းညိုလေးကလှည့်ကြည့်လာသည်။သူ့ကိုတွေ့တော့မှ ပိုပြီးငိုချတော့သည်။အနားငို့ပြေးသွားပြီး တုန်ရီနေတဲ့ခန္ဓါကိုယ်လေးကိုပွေ့ဖက်လိုက်တော့ ရှိုက်သံတွေနဲ့အတူရင်ခွင်ထဲကို ပြိုကျလာသည်။
"ဘာမှမဖြစ်တော့ဘူး...ငါရှိတယ်...မင်းဘေးမှာငါရှိနေတယ်နော်"
ပွေ့ဖက်ထားရင်းနဲ့ပြောတော့ ရင်ခွင်ထဲကယွန်းဂီကပိုငိုလာသည်။ကလေးတစ်ယောက်လို အော်ငိုနေတော့တာ။အဲ့အိမ်ကိုတစ်ယောက်တည်းမလွှတ်လိုက်ရမှာ။သူပါအတူလိုက်သွားခဲ့ရမှာ။မင်ယွန်းဂျယ်က ယွန်းဂီကိုတစ်ခုခုလုပ်လိုက်တာသေချာသည်။လိုက်မသွားမိတဲ့ကိုယ့်ကိုယ်ကိုသာ ဒေါသထွက်မိသည်။
"ဘာဖြစ်လာတာလဲ ယွန်းဂီ"
ရင်ခွင်ထဲကတုန်ရီနေတဲ့ကျောပြင်လေးကို ပွတ်သပ်ပေးပြီးခေါင်းလုံးလုံးလေးကိုလည်း ပွတ်သပ်ပေးကာအသံကိုနှိမ့်ပြီးမေးတော့ မျက်ဝန်းညိုလေးကရင်ခွင်ထဲကထွက်ပြီး သူ့ကိုကြည့်လာသည်။တလှိမ့်လှိမ့်ကျနေတဲ့မျက်ရည်တွေကို လက်မနဲ့ဖိသုတ်ပေးတော့ တုန်ရီနေတဲ့နှုတ်ခမ်းလေးကဖြေးဖြေးချင်းလှုပ်လာသည်။
"ငါ့...ငါ့ကို...ဖေဖေက...ဖေဖေကသားအဖြစ်ကစွန့်လွှတ်လိုက်ပြီ...သူ...သူသေရင်တောင်...လာ..လာစရာမလိုဘူးတဲ့"
"ဟာကွာ!...တောက်ခ်!!"
ရှိုက်သံတွေနဲ့ရောထွေးကာ ဗလုံးဗထွေးပြောလာတဲ့ယွန်းဂီစကားကြောင့် ဒေါသထွက်လွန်း၍တောက်ခေါက်လိုက်မိသည်။မင်ယွန်းဂျယ်ကတစ်ကယ်ပဲအတ္တကြီးလိုက်တာ။ဒါဟာသားတစ်ယောက်ကိုပြောရမယ့်စကားတွေလား?