"ရှယ်ယာရှင်လီဟန်ဆောင်းကို ဆက်သွယ်ပြီးပြီလား"
"ဆက်သွယ်ပြီးပါပြီ မန်နေဂျာချုပ်...လာနေပြီလို့ပြောပါတယ်"
"နောက်15မိနစ်မှမလာရင်...ကျွန်တော်အစည်းအဝေးစတော့မှာလို့...အကြောင်းကြားလိုက်ပါ"
"ဟုတ်ကဲ့ပါ"
ဘယ်လောက်ပဲရှယ်ယာအများဆုံးထည့်ထားတဲ့ ရှယ်ယာရှင်ဖြစ်နေပါစေ။အချိန်မတိကျတာကိုတော့ သည်းမခံနိုင်ပါ။အခု အစည်းအဝေးခန်းထဲမှာ ထိုလူကလွဲပြီးအကုန်စုံနေပြီ။သူတစ်ယောက်တည်းကိုစောင့်ပြီး အချိန်ပုပ်မခံနိုင်တာကြောင့် အကြောင်းကြားခိုင်းလိုက်သည်။15မိနစ်ကျော်သွားတာနဲ့ အစည်းအဝေးကိုစမှာဖြစ်သည်။
15မိနစ်ပြည့်ဖို့ 1မိနစ်နဲ့58စက္ကန့်သာလိုတော့သည်။ထိုလူကတော့ရောက်မလာသေးပေ။ရှင်းပြရမယ့်စာရွက်စာတမ်းတွေကို ခဏအကြည့်ပို့ပြီးနာရီကိုပြန်ကြည့်တော့ 15မိနစ်ကွက်တိပြည့်သွားပြီဖြစ်တာကြောင့်
"အစည်းအဝေးစကြရအောင်...ထပ်ပြီးမိတ်ဆက်ပါမယ်...ကျွန်တော်ကglory pjကိုတာဝန်ယူသွားမယ့်မင်ယွန်းဂီဖြစ်ပါတယ်...ရှေ့လျှောက်လည်းကူညီပေးကြပါဦး...ဒါဆိုအခုကျွန်တော်တို့ ရှယ်ယာအကြောင်းအသေးစိတ်နဲ့လုပ်ငန်းစဥ်ကို...."
'ချောက်'
"အဓိကရှယ်ယာရှင်ကိုတော့ စောင့်သင့်ပါတယ်ကွာ"
တံခါးခေါက်ခြင်းမရှိပါပဲ တန်းဝင်လာတဲ့လူကြောင့် အားလုံးရဲ့အကြည့်တွေကတံခါးဝဆီရောက်သွားသည်။ထိုလူတွေထဲမှာမှ ယွန်းဂီမျက်နှာကတော့ အထိတ်လန့်ဆုံးဖြစ်မည်။
"ကျွန်တော်ထိုင်ခုံက မန်နေဂျာချုပ်မင်ယွန်းဂီဘေးမှာမလား"
အတွင်းရေးမှူးဂျောင်ကို မေးဆတ်မေး၍သူ့ဘေးမှာဝင်ထိုင်တဲ့လူကို ယွန်းဂီမျက်ခုံးများကျုံ့၍ကြည့်လိုက်သည်။
"ဆက်ရှင်းပြလို့ရပါပြီ...ကားပိတ်နေလို့နည်းနည်းလေးနောက်ကျသွားတာပါ"
"ဒီနေရာကရှယ်ယာရှင်လီဟန်ဆောင်းနေရာပါ"
ယွန်းဂီ အတတ်နိုင်ဆုံးအသံကိုထိန်း၍ပြောလိုက်သည်။