ရာသီဥတုကသာယာသော်လည်း ယွန်းဂီမျက်နှာကတော့သုန်မှုန်နေသည်။မနက်မိုးလင်းတည်းကတာဝန်ပေးခံထားရတာက မင်နာမိဘတွေနဲ့သွားတွေ့ဖို့ဖြစ်သည်။အလုပ်ပိတ်ရက်မှာတောင် သံပတ်ပေးပြီးသံစဥ်လေးတွေထွက်အောင်ကပြနေရတဲ့အရုပ်လေးလိုပဲ ယွန်းဂီဘဝကလည်းထို့အတူသာ။
"ဥက္ကဌလီနဲ့စကားအေးဆေးပြောလာခဲ့...စကားမမှားစေနဲ့...နားလည်လား"
ဖေဖေ့အပြောကို မသိမသာသက်ပျင်းခိုးချရင်းခေါင်းညိတ်
ပြကာထွက်လာခဲ့သည်။အမိန့်တွေကြားရှင်သန်နေရတဲ့ ကိုယ့်ကိုယ်ကိုမုန်းတီးပါသော်လည်းမတတ်နိုင်။ယွန်းဂီ အသက်မပါပဲပျင်းရိစွာမောင်းလာတာက မင်နာအိမ်သို့ဖြစ်၏။အရှေ့ကိုသာအာရုံစိုက်မောင်းနေတဲ့ယွန်းဂီက နောက်ကကပ်ပါလာတဲ့ပြိုင်ကားနက်လေးကိုတော့မမြင်ပေ။
အလိုရှိတဲ့နေရာကိုရောက်လာတော့ သက်ပျင်းချရင်းနဲ့ကားပေါ်ကဆင်းတော့ သူ့ဆီကလေးတစ်ယောက်လိုပြေးလာတဲ့မင်နာကိုတွေ့တော့ နောက်တစ်ကြိမ်ထပ်ချမိပြန်သော သက်ပျင်းသံ။
သက်ပျင်းချလွန်း၍အသက်တိုမယ်ဆိုရင် ကျွန်တော့်သက်တမ်းသိပ်ကျန်တော့မယ်မထင်ဘူး။သက်ပျင်းချခြင်းက အကျင့်တစ်ခုလိုတောင်ဖြစ်နေပြီ။
"ကိုကို"
"အိမ်ထဲကပဲစောင့်နေတာမဟုတ်ဘူး"
"ကိုကို့ကိုတွေ့ချင်လို့...ကားသံကြားတာနဲ့ပြေးလာတာ"
ကလေးတစ်ယောက်လိုပြောလာပြန်တော့လည်း ဘယ်သူ့ကိုအပြစ်တင်ရမှန်းတောင်မသိတော့ပေ။ထပ်ချလိုက်မိပြန်တဲ့ သက်ပျင်းရဲ့ရဲ့က ဒီတစ်ကြိမ်လည်းကျွန်တော့်ဆီကပဲ။
လီမင်နာဆွဲခေါ်ရာနောက်သို့လိုက်သွားတဲ့ ယွန်းဂီမျက်နှာကိုငေးကြည့်ရင်း ကားစတီယာတိုင်ကိုဒေါသတွေနဲ့ဆုပ်ကိုင်ထားတဲ့ ထယ်ယောင်းလက်တွေကသွေးကြောစိမ်းတွေထောင်တဲ့အထိပင်။
အခုမင်ယွန်းဂီလက်ကိုဆွဲခေါ်သွားတဲ့မိန်းမက လီမင်နာမလား?သူ့ကိုငမ်းငမ်းတက်လိုက်ကပ်ခဲ့တဲ့ရည်းစားဟောင်းက အခုယွန်းဂီနဲ့စေ့စပ်မယ့်မိန်းမတဲ့လား?သူတို့ဝေးသွားတဲ့6နှစ်အတွင်းမှာ ယွန်းဂီကအဲ့မိန်းမနဲ့ဘယ်လိုရင်းနီးသွားတာလဲ?