The Last He Glared-8

1.6K 166 37
                                    

"​အော်လန်ဒိုကိုဘယ်တုန်းက​ရောက်​
နေတာလဲသား"

နှုတ်ခမ်းတွေက အသာပြုံးလိုက်မိ
ပေမယ့် ဖုန်းကိုကိုင်ထားသည့် ဗျူဟာ
လက်တွေ တင်းကျပ်သွားရသည်။

ဖုန်းထဲက​နေပဲ ကြားခဲ့ရတာကြာနေပြီ
ဖြစ်တဲ့ အမေ့အသံက ဘယ်အချိန်ပဲ
ဖြစ်ဖြစ်​နွေး​ထွေးမြဲ။အ​မေ့ကို​ပြေး​
တွေ့ချင်​လောက်တဲ့အထိ အလွမ်း​
တွေပို​စေမြဲ။

"သိပ်မကြာ​သေးပါဘူး အ​မေ။​
လေးငါးရက်​လောက်ပဲရှိ​သေးတယ်"

"အလုပ်ကိစ္စလား သား"

"အင်း... အ​မေ့ကိုဘယ်လို​​ဖြေရင်​
ကောင်းမလဲ"

"အို​ကေ ဘယ်​လောက်ကြာမယ်ဆိုတာ​
ရော​ပြောလို့ရလား။အဲ့အိမ်မှာ စားဖို့​
သောက်ဖို့ဘယ်သူစီစဥ်​ပေးလဲ။အမ်မာ
ကို​ခေါ်ထားလား"

"အမ်မာကိုမ​ခေါ်ထားဘူး ​မေ။ဘယ်​
လောက်ကြာမလည်းဆိုတာလည်း
ကျွန်​တော်​သေချာမသိ​သေးဘူး"

"ကြည့်ရတာအ​မေ့သားက အဲ့ဒီမှာ
မဖြစ်မ​နေ​နေရမဲ့ကိစ္စရှိ​နေတာပဲ။
နယူး​ယောခ့်ကသားအလုပ်​တွေ
သားနိုင်ဖို့ပဲလိုတယ်။
အဆင်​ပြေတယ်ဆိုရင်​နေ​ပေါ့။အဲ့ဒီမှာ ရာသီဥတုသာယာတယ်မလား"

အမေက​ အ​မေပါပဲ။ သူမပြောနိုင်​
သေးတာကို အတင်းအကျပ်မ​မေးသည့်အပြင် သူဘာပဲလုပ်လုပ်အ​မေက​ဘေး
မှာရှိ​နေသလိုသူ့ကိုအားအင်ဖြစ်​စေသည့်စိတ်မျိုးနဲ့အမြဲ ရပ်တည်​ပေးသည်။

"အ​မေ"

"​ပြော​လေ​မေ့သား"

"အ​မေ​နေ​ကောင်းတယ်မလား"

"​ကောင်းတာ​ပေါ့ အ​မေက​ဒေါင်​ဒေါင်
မြည်ပဲ"

ဗျူဟာ တခဏ တိတ်ဆိတ်သွားရလျက်။

"အ​ဖေ​ရောအ​မေ"

"သားအ​ဖေလည်း​နေ​ကောင်းပါတယ်။တစ်ခါတစ်​လေ​တော့ ​သွေးနည်းနည်းတိုးတယ်။အချိန်ရရင် အ​ဖေနဲ့ဖုန်း​ပြောပြီး
သားကိုယ်တိုင်အ​ဖေ​နေ​ကောင်းလား
လှမ်းမေးလိုက်ပါလားသား။သားအ​ဖေ
သိပ်​ပျော်သွားမှာ"

သူ အသံတိတ်​နေမိသည်သာ။

"သား​ပြောထားတဲ့အတိုင်းပဲ အ​မေ
ဘာပဲလုပ်လုပ် အ​မေ့ကိုယ်အ​မေပဲ​
တွေးပြီးအ​မေ့အတွက်ပဲစဥ်းစား​နော်။
အ​ဖေ့ကို​ရော အ​မေ့ကိုယ်အ​မေ​ရော
အရမ်းကြီး တွန်းအားမ​ပေးပါနဲ့။
အ​မေ့ကို ကျွန်​တော် ချစ်တယ်​"

The First He GlaredWhere stories live. Discover now