The Last He Glared-10

1.4K 159 46
                                    

​နေစင်ဟန် တစ််မနက်လုံးအခန်းထဲ
တွင်​ပင်​နေကာ အပြင်မထွက်ဖြစ်။
မနက်အစောကြီီးထကာ ​အောက်ဆင်း
ပြီး ​ရေခဲ​သေတ္တာထဲကမုန့်နဲ့နွားနို့ဘူးကို
သာယူပြီး အခန်းထဲမှာ​နေ​နေတာ အခု​
နေ့လည်ပင်​ရောက်​နေပြီ။

သူဝရံတာကိုထွက်လာလိုက်ကာ အိမ်​အောက်ကိုကြည့်​တော့ ဗျူဟာကားကဒီအတိုင်းရှိနေဆဲ။မနက်ကbarကဝန်ထမ်း မနက် ရှစ်နာရီ​လောက်ကားလာပို့​
ပေးသွားပြီး ဗျူဟာ နဲ့စကား​ပြော​
နေတာကိုသူ အ​ပေါ်ထပ်က​နေ မြင်​
လိုက်ရသည်။သူ့ကိုဗျူဟာ စကား
လာ​ပြောမှာစိုးလို့ အခန်းထဲ
မှာပဲရှောင်နေ​သော်လည်း ​နေ့လည်​
ရောက်တဲ့အထိ သူ့ အခန်းတံခါးကို
ဗျူဟာလာမခေါက်ပါ။အပြင်က​
နေလည်းစကားလာမ​ပြော။
ကားကလည်း ဒီအတိုင်းပဲရပ်
ထားတာမလို့အပြင်မသွားပဲအိမ်မှာ
ပဲရှိ​နေသည် ဆိုသည်မှာအသေချာ။

အိမ်က အစထဲကကြီး​နေတာ အခု​တော့
လူနှစ်​ယောက်ရှိ​နေသည်ကိုပင်
မသိရ​လောက်​အောင် တိတ်ဆိတ်လွန်း​နေသည်။

​နေ့လည်တစ်​ရေးအိပ်ပြီးသူနိုးလာ​
တော့ တစ်နာရီပင်ထိုးလုပြီ။ အခန်း
အပြင်ကိုထွက်လာတော့ မျက်နှာ
ချင်းဆိုင်ကအခန်းတံခါးကပိတ်ထား
သည်။သူ​ရှောင်စရာမလို​​လောက်အောင် ဗျူဟာကလည်း သူ့ကိုရှောင်နေသလိုပင်။mini mart သွားမလို့အိမ်​အောက်
ထပ်ကိုဆင်းလာ​ပေမဲ့ထမင်းစားခန်း
ထဲကိုဝင်လိုက်​တော့စားပွဲ​ပေါ်မှာ အထုပ်​​တွေ။ဗျူဟာသူ့ကိုပီဇာမှာပြီးထားထား​ပေး
တာ။

သူဒီ​နေ့ထမင်းမချက်ဖြစ်။သူ့အတွက်​
နေ့လည်စာမှာထား​ပေးတဲ့သူကိုယ်တိုင်
က​ရောစားရဲ့လားဆိုတာ ​​တွေးကြည့်
စရာပင်မလို။

-------

ည​​နေပိုင်းလည်းသူ​ရေချိုးပြီးတာနဲ့
အောက်ထပ်ဆင်းပြီး ထမင်းစားခန်း
ထဲမှာည​စာရှိတာပဲစားလိုက်သည်။
ဗျူဟာဆင်းလာမလားလို့​စောင့်​နေ​ပေမဲ့အရိပ်အ​ယောင်​တောင်မ​တွေ့။
စား​သောက်ပြီး ပန်းကန်​ဆေးပြီးတာနဲ့ထမင်းစားခန်းထဲကထွက်​တော့
အောက်ထပ်တစ်ခုလုံးကလည်း
ဧည့်ခန်းမှာတိတ်ဆိတ်​​နေတာမှ လူ​
မရှိသည့်အိမ်အတိုင်း။သူသက်ပြင်းတစ်ချက်ချရင်းသာ ​လှေကားထစ်​တွေ​
ပေါ်တက်လာ​ချိန်အ​ပေါ်ထပ်အ​ရောက်
ခါနီး​လှေကားဝမှာရပ်​နေသူနှင့်
ထိပ်တိုက်ဆုံသည်။

The First He GlaredWhere stories live. Discover now