ရှရိယန် ရှန်လော်အကြောင်းထပ်မံကြားသိခဲ့ရချိန်မှာ LWP ဘဏ္ဍာရေးစီမံခန့်ခွဲမှုဌာန၏2000ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲ၌ပင်။
သီးသန့်ကာရာအိုကေခန်းအတွင်း၌ လူတစ်ဒါဇင်ကျော်ရှိနေကာ မိုက်ခရိုဖုန်းကို ဟိုရန်ကကိုင်ထားချိန်၌ ရှရိယန်ကသောက်နေခဲ့ပြီး လူတစ်ချို့ကသူနှင့်စကားပြောရန် ရောက်လာကြ၏။
"ရှန်လော်ပြန်လာပြီဆိုတာ မင်းသိလား?"
ရှရိယန်မှာဝိုင်ပုလင်းကိုကိုင်ထားရင်း ရပ်တန့်သွားလေတော့သည်။
"ဘယ်တုန်းကလဲ?"
"လွန်ခဲ့တဲ့အပတ်ကပဲ ဟိုရန်ကသူ့ကိုဖိတ်ခဲ့ပေမယ့် သူကအချိန်မတူတာကြောင့် ပင်ပန်းနေပြီး နောက်တစ်ခေါက်မှဆုံမယ်လို့ ပြောတယ်"
ရှရိယန်က ဟိုရန်ကိုကြည့်လိုက်လေသည်။သူတို့မှာ အသက်၃၅နှစ်ကျော်နီးပါးရှိနေပြီ ဖြစ်သော်လည်း လူလတ်ပိုင်းအရွယ်၌ပင် ထိပ်ပြောင်ကာ ဘီယာဗိုက်ထွက်လာကြပြီဖြစ်သော သက်တူရွယ်တူအမျိုးသားများနှင့်ယှဉ်လိုက်ပါက သူမမှာချောမွတ်သောအသားအရည်၊ကောင်းမွန်သောဖက်ရှင်အမြင်တို့ဖြင့် အသက်၂၀အရွယ်ကောင်မလေးတစ်ယောက်ကဲ့သို့ ဖြစ်နေဆဲ။
"ရှရိယန်!"
ဟိုရန်က သူ့ကိုအော်ခေါ်လာတော့သည်။
"သောက်နေတာရပ်ပြီး သီချင်းလာဆို!"
ရှရိယန်ကမိုက်ခရိုဖုန်းကိုယူကာ The King of Karaokeကိုရွေးလိုက်သော်လည်း သီချင်းဆိုရန် အလောတကြီးဖြစ်မနေခဲ့။
"ရှန်လော် ပြန်လာပြီလား?"
သူက ဟိုရန်ကိုမေးလိုက်၏။
"ငါနင့်ကို မပြောခဲ့ဘူးလား?"
ဟိုရန်မှာ အနည်းငယ်စိတ်လှုပ်ရှားတက်ကြွနေပုံရပြီး ထရပ်လိုက်ချိန်၌ ဒယီးဒယိုင်ဖြစ်နေကာ ရှရိယန်ပေါ်လဲကျလုမတတ်ပင်။
"ငါနင့်ကိုပြောမယ်"
သူမကလက်လှမ်းကာ ရှရိယန်၏မျက်နှာကို ခပ်ဖွဖွပုတ်လိုက်လေသည်။
"နောက်တစ်ခေါက်တွေ့ဆုံပွဲကျရင် နင်ကဒီမှာရှိတဲ့ အချောဆုံးလူမဟုတ်တော့ဘူး ဝိုင်ဆိုတာကသက်တမ်းရင့်လာလေလေ အရသာကပိုကောင်းလေပဲ"
YOU ARE READING
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...