တကယ်တမ်းတော့ ရှရိယန်မှာ ရှန်လော်၏နေရာသို့သွားရန် အဝတ်အစားတော်တော်များများ မပြင်ဆင်ထားခဲ့ပေ။အဝတ်အစားများလဲကာ ပြန်လာခဲ့ပြီးသည့်နောက်တွင် သူစတင်၍နောင်တရလာခဲ့သည်ဟု ပြော၍ရပေသည်။
သူ့စိတ်ထဲတွင် "ငါတို့အချစ်တွေကို ပြန်လည်အသက်သွင်းပြီးပြီးချင်းမှာပဲ အတူနေသင့်ရဲ့လား" "ဒီလိုဆို ငါတို့ရဲ့ချစ်စိတ်ပြင်းပြမှုကို အရမ်းမြန်မြန်ဆန်ဆန်တဲ့ ဆုံးရှုံးသွားလောက်လား?" "အသက်၃၅နှစ်ကျော်တဲ့အမျိုးသားတွေက အရမ်းတွယ်ကပ်တတ်တဲ့ချစ်သူတွေကို သဘောမကျလောက်ဘူးလား?!"
"သီးသန့်ကိုယ်ပိုင်နေရာက အချစ်ထပ်ပိုပြီးအရေးကြီးတာလား?!...." ဟူသောမေးခွန်းများဖြင့် ပြည့်နေလေတော့သည်။ရှရိယန်မှာ ထပ်၍မတွေးတောနိုင်တော့သလို ခံစားလိုက်ရတော့သည်။
ဆက်တွေးနေရင် တံခါးအပြင်ထွက်ပြေးမိလိမ့်မယ်.....
တကယ်တမ်းတော့ အလွန်အမင်းတွေးတောနေမိခြင်းမှာ သူ့အမှားတော့မဟုတ်ပေ။သူ့တွင်ယခင်က ဒိတ်လုပ်ဖူးသည့်အတွေ့အကြုံရှိသော်လည်း တစ်စုံတစ်ယောက်နှင့်အတူနေမည့် အတွေးမျိုး မရှိခဲ့ဖူးချေ။သူကမကြာမကြာ ဒိတ်များလည်းမသွားသလို နေ့တိုင်းအတူစားသောက်လေ့ပင် မရှိခဲ့။
ရှန်လော်နှင့်ရင်ဆိုင်ရချိန်တွင် သူ့ခံစားချက်က
အလွန်ပြင်းထန်ကာ သတိရှိနေလျက်။အတက်အကျများဖြင့်ပြည့်နေသော ဘဝကိုနေသားကျနေခဲ့ရာ ကိစ္စများကချောချောမွေ့မွေ့ဖြစ်သွားချိန်တွင်တော့ သူကအလွယ်တကူစိုးရိမ်ကြောင့်ကြလျက် မသေချာမရေရာတော့။ဧည့်ခန်းအတွင်းရှိ ကိုယ်လုံးတီးဓါတ်ပုံများက အလွန်ထင်းခနဲမြင်သာနေခဲ့၏။ရှရိယန်မှာရှင်းလင်းဖယ်ရှားနေရင်း အလွန်အမင်းရှက်ရွံ့သလို ခံစားလာရတော့သည်။သူကဓါတ်ပုံအနည်းငယ်ကိုဖျတ်ခနဲကြည့်လိုက်ပြီးနောက် သူ့မျက်နှာကရှက်ရွံ့မှုကြောင့် ပူလောင်လာကာသည်းခံ၍ကြည့်မနေနိုင်တော့။သူကတုန်ယင်နေသောလက်များဖြင့် အလျင်အမြန် ဆွဲသိမ်းလိုက်လေသည်။
ရှန်လော်က သူညစာဘာစားချင်လဲဟု မက်ဆေ့ချ်ပို့လာခဲ့၏။
ရှရိယန်မှာခဏမျှတွေးတောပြီးနောက် ပြောလိုက်လေသည်။
YOU ARE READING
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...