လီပေါင်ကျွမ်းကရှရိယန်ကို ညစာထပ်မံဖိတ်ကျွေးချိန်တွင် နှစ်စအစကောင်းအချိန်ကျော်သွားခဲ့ပြီး ဖြစ်လေသည်။
လုပ်ငန်းသစ်အတွက် ဘဏ်များ၏ပြိုင်ဆိုင်မှူအတွင်းတွင် သူတို့ကSZဘဏ်နှင့်လည်း တူညီသောအိမ်ခြံမြေပရောဂျက်အသစ်တစ်ခုအတွက်
အရင်းအမြစ်များကို ပြိုင်ဆိုင်နေခဲ့ကြလေသည်။လီပေါင်ကျွမ်းကတော့ သီးသန့်မကျေမနပ်ညည်းညူရန်အတွက် ရှရိယန်ကိုမကြာခဏ ခေါ်လေ့ရှိ၏၊"ဘဏ်ကြီးငါးခုထဲကတစ်ခုဖြစ်တဲ့ ငါတို့ကဘယ်လိုများ မင်းတို့ဘဏ်အသေးလေးတွေနဲ့ ပြိုင်ဆိုင်နိုင်မှာတဲ့လဲ?"
အစားအသောက်များမှာရသည်ကို သဘောကျသောလီပေါင်ကျွမ်းက ရှန်းရွှယ်ဟိုင်တွင် စားပွဲတစ်ခုဘိုကင်ယူထားလေသည်။ရှရိယန်ကထိုဆိုင်ရှိ ခရမ်းသီးကင်ကိုအလွန်သဘောကျလေရာ လီပေါင်ကျွမ်းက သူ့အတွက်အထူးပင်မှာထာပေးခဲ့၏။
"မူဝါဒ ဒါမှမဟုတ် လျော့စျေးသတ်မှတ်ချက်တွေအရဆို ငါတို့ကမင်းတို့ရဲ့မယှဥ်နိုင်ဘူး ဘဏ်ကလည်းငါ့ကို တင်းကျပ်တဲ့သတ်မှတ်ချက်တွေပေးထားခဲ့တာ ငါဒီလိုမျိုးမနေနိုင်ဘူး"
ရှရိယန်မှာရွေးချယ်စရာမရှိပါဘဲ သူ့ကိုနှစ်သိမ့်ပေးရတော့သည်။
"ငါလည်းပိုပြီးကောင်းမွန်မနေပါဘူး အသေးစားဘဏ်တွေမှာက ကတ်ကိုင်ဆောင်သူနှုန်းထားမမြင့်ဘူးလေ"
လီပေါင်ကျွမ်းမှာထပ်ခါထပ်ခါ သက်ပြင်းချရင်း
ဟင်းပွဲအနည်းငယ် ထပ်မှာလိုက်၏။ရှရိယန်မှာအတန်ငယ် အံ့သြသွားလေသည်။
"မင်းဘာလို့ အရမ်းအများကြီးမှာနေတာလဲ?"
လီပေါင်ကျွမ်း:"ငါသူငယ်ချင်းတစ်ယောက်ကိုစောင့်နေတာ DWဇုန်ဘဏ်ခွဲရဲ့ဒုဥက္ကဋ္ဌလေ သူကလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက ပေကျင်းကနေပြောင်းလာတာ"
ရှရိယန်ကရယ်မောလိုက်၏။
"အဲ့တော့ မင်းကသူငယ်ချင်းကိုဖိတ်ထားပြီး ငါ့ကိုကပ်ခေါ်လာရုံပေါ့?"
လီပေါင်ကျွမ်းက နည်းလမ်းတကျဖြင့်ပြန်ဖြေလာတော့သည်။
"သေချာပေါက်ကို မဟုတ်ဘူးပေါ့ ငါကမင်းရဲ့စွမ်းဆောင်ရည်ကို တိုးတက်အောင်ကူညီပေးနေတာ အဲ့ဇုန်ကစီးပွားဖြစ်နေရာကရောင်းထွက်သွားပြီ ဆောင်ရွက်မယ့်ကုမ္ပဏီကလည်းတော်တော်လေးအားကောင်းတယ် DWဘဏ်ကအဲ့ပရောဂျက်အတွက် စီးပွားရေးချေးငွေကိုဦးဆောင်နေတာ မင်းအဲ့ပိုင်မုန့်ရဲ့ဝေစုတစ်ခုကိုမရချင်ဘူးလား?"
YOU ARE READING
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...