နောက်တစ်နေ့၌ ထပ်မံစစ်ဆေးရမည့်အရာများရှိနေလေသည်။ဘဏ်ချေးငွေဆိုင်ရာ စာရွက်စာတမ်းများအပြင် ကုမ္ပဏီဌာနခွဲများ၏တင်ပြချက်များကိုလည်း စစ်ဆေးရမည်ဖြစ်၏။စစ်ဆေးရန်လာခဲ့ကြသောလူငါးဦးမှာ မနက်ကတည်းက အစည်းအဝေးခန်းထဲမှ ထွက်မလာကြသေးပေ။ရှရိယန်က နေ့လယ်ခင်း၌ အားလုံးအတွက် အစားအသောက်များဝယ်ပေးခဲ့လေသည်။
ရှန်လော်က စာရွက်စာတမ်းအပုံလိုက်ကြီးထံမှ ခေါင်းကိုမော့လာကာ သူ၏အမူအယာက အတော်လေးပင်ပန်းနွမ်းနယ်နေ၏။သူကရှရိယန်ကိုကြည့်ပြီး ပြောလာခဲ့၏။
"ကျေးဇူးပဲ"
ရှရိယန်: "အရင်စားလိုက်"
ရှန်လော်က ခဏမျှတုံ့ဆိုင်းသွားဟန်တူသော်လည်း အဆုံး၌ စာရွက်စာတမ်းများကိုချကာ မေးလာခဲ့၏။
"မင်းစားခဲ့ပြီးပြီလား?"
ရှရိယန်က အလွန်အမင်းဂုဏ်ယူနေဟန်ဖြင့်။
"ငါတို့ဘဏ်မှာ ကန်တင်းရှိတယ်"
ရှန်လော်က သရော်ဟန်ဖြင့်မျက်ခုံးပင့်လိုက်ပြီး သူ၏ပေါက်ကရများကို ပြန်တုံ့ပြန်ရန်အတွက် အလွန်အမင်းပျင်းရိနေလေသည်။
ထိုလူမှာနေ့လယ်စားထမင်းဘူးကိုဖွင့်ကာ တူကိုကောက်ကိုင်ပြီးသည့်နောက် တစ်ခုခုကိုသတိရသွားဟန်တူပြီး ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်ရန်လုပ်နေသည်ကို ရှရိယန်မြင်တွေ့လိုက်ရတော့သည်။
"......."
ရှရိယန်မှာ ထပ်၍သည်းမခံနိုင်တော့။
"မင်းက မိန်းကလေးလား?"
ရှန်လော်က သူ့အားလျစ်လျူရှုကာ သူ၏ကိုယ်ပိုင်ကိစ္စကိုသာအာရုံစိုက်နေပြီး ဓာတ်ပုံရိုက်ပြီးသည့်နောက် စတင်စားသောက်လေတော့သည်။
ရှရိယန်မှာ မေးစေ့ပေါ်လက်တင်ရင်း သူ့စားနေသည်အားကြည့်နေခဲ့၏။အချိန်အတော်ကြာ စိုက်ကြည့်နေပြီးသည့်နောက် သူကမနေနိုင်တော့ဘဲ ပြောလာခဲ့လေသည်။
"မင်းအရမ်းကြီး ပြောင်းလဲမသွားဘူးပဲ"
ရှန်လော်မှာ စားသောက်နေရာမှခေါင်းမော့လာပြီး ပြောလာခဲ့၏။
ESTÁS LEYENDO
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...