ရှရိယန်ကရှန်လော်ကိုအဖော်ပြုပေးရန်အတွက် မိုင်ပေါင်းများစွာသွားရန် ကြီးမားသောရည်မှန်းချက်ရှိနေသော်လည်း တကယ်တမ်း ရှန်လော် အလုပ်ခရီးထွက်သွားသည့်အချိန်တွင်တော့ အချစ်များကိုဖော်ပြရန်က လိုအပ်သော်လည်း တကယ်တမ်းလုပ်ဆောင်ရန်က ခင်ခဲကြောင်း ရှရိယန်သဘောပေါက်သွားခဲ့ရတော့သည်။
နောက်ဆုံးတွင်တော့ နှစ်ကုန်ပိုင်းဖြစ်လေသဖြင့် ဘဏ်များမှာအလွန်အမင်းအလုပ်ရှုပ်လာရာ ခွေးများထပ်ပင် ပို၍ဆိုးလေသည်။
အဆုံးတွင်တော့ နေတိုင်းအချိန်မှန်သတင်းပို့သူက ရှန်လော်သာဖြစ်ချေသည်။သူဖုန်းခေါ်လာချိန်တွင် ရှရိယန်မှာဘဏ်တွင် အချိန်ပိုလုပ်နေရဆဲပင်။
"ရှစ်နာရီထိုးနေပြီ"
ရှန်လော်ကဖုန်းတစ်ဖက်မှ သူ့ကိုမေးလာလေသည်။
"မင်းမပြန်သေးဘူးလား?"
ရှရိယန်:"မနက်ဖြန်ကျရင် နေ့တစ်ဝက်ဘဏ်ခွဲအစည်းအဝေးရှိတယ် ဒီလရဲ့ချေးဝက်စာချုပ်တွေကို ဒီနေ့လက်မှတ်အပြီးထိုးရမှာ မင်းဟိုတယ်ရောက်ပြီလား?"
ရှန်လော်:"မကြာသေးခင်က ရောက်တာ"
ရှရိယန်:"မင်းသောက်ခဲ့ရလား?"
ရှန်လော်ကပြုံးလိုက်လေသည်။
"ခေါင်းဆောင်တွေက သောက်စရာမလိုဘူးလေ"
ရှရိယန်ကရယ်မောလိုက်၏။
"မင်းတော့ကံကောင်းတာပဲ"
ရှန်လော်ကမေးလာတော့သည်။
"မင်းအိမ်ပြန်ဖို့အတွက် ဘယ်လောက်ကြာအုံးမှာလဲ?"
ရှရိယန်မှာစားပွဲပေါ်မှစာချုပ်များကို လှန်လျောကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"ခန့်မှန်းရရင် နောက်ထပ်တစ်နာရီ၊နှစ်နာရီလောက်ပေါ့"
ရှန်လော်က"hmm"ဟုပြောလာပြီး ခဏအကြာတွင် သူကရုတ်တရက်ပြောလာတော့သည်။
"ကိုယ်မင်းအတွက် ဂဏန်းဟင်းပွဲကြီးမှာပေးထားတယ်"
ရှရိယန်မှာအံ့သြသွားလေသည်။
YOU ARE READING
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...