Extra 1.2

2K 222 18
                                    

ရှန်လော်ဝယ်ထားခဲ့သောခုံကို FedExကပို့ပေးလာခဲ့၏။အပြင်ဘက်တွင်ထုတ်ပိုးထားသည်က ကြီးမားသော သစ်သားပုံးကြီးပင်။ဓါတ်လှေကားရှိနေသော်လည်း ရှရိယန်မှာပုံးကြီးကို အတွင်းအပြင်သယ်ထုတ်ရရင်း ခါးပင်ကျိုးတော့မလို။

နောက်တွင် ပုံးကြီးကိုဖွင့်ရသည်က လွယ်ကူလှသည်တော့မဟုတ်ပေ။ရှရိယန်က၎င်းကို ဟိုရွှေ့သည်ရွှေ့လုပ်ကြည့်နေစဥ်တွင် ရှန်လော်ကထပ်မံ၍ ဗွီဒီယိုကောခေါ်လာတော့သည်။

ရှန်လော်၏မျက်နှာက တစ်ဖက်ခြမ်းမှပေါ်လာပြီး ရှရိယန်တူကိုင်ထားသည်ကို မြင်သွားခဲ့၏။

"ဖွင့်လိုက်ပြီလား?"

ရှန်လော်ကမေးလာ၏။

ရှရိယန်ကဖွင့်နေရင်း ပြန်ဖြေလိုက်လေသည်။

"ဖွင့်ကြည့်နေတုန်း"

ရှန်လော်:"ခုံအတွက် အညွှန်းစာအုပ်ကိုဖတ်ဖို့မမေ့နဲ့နော်"

ရှရိယန်ကပြုံးလိုက်လေတော့သည်။

"မင်းဝယ်ထားတဲ့ခုံက ဘယ်လောက်များခက်ခဲရှုပ်ထွေးတာလဲ?"

"တော်တော်လေးတော့ရှုပ်ထွေးတယ်"

ရှန်လော်ကတစ်ဖက်မှနေ၍ ညွှန်ကြားလာတော့သည်။

"မြင်ကွင်းကျယ်ပြောင်းလိုက်ပြီး ကိုယ့်ကိုပြ"

"....."

ရှရိယန်မှာတွေးလိုက်မိတော့သည်။

'မြင်ကွင်းကျယ်ရှုထောင့်ဘယ်လိုလုပ်ရလဲဆိုတာ မသိဘူး'

သို့သော်လည်း သူကဖုန်းကိုလှည့်လိုက်ကာ ပုံးတစ်ခုလုံးအား ရှန်လော်အားပြလိုက်ဆဲသာ။

ရှန်လော်မှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်အတွင်း ခေါင်းဆောင်တစ်ယောက်ဖြစ်ရသည်ကို နေသားတကျဖြစ်နေဟန်ရလေသည်။သူကကြည့်လိုက်ပြီးသည့်နောက် အားပေးတိုက်တွန်းလာတော့သည်။

"ကြည့်ကောင်းတယ် ကောင်းကောင်းဆက်လုပ်"

ရှရိယန်မှာ တကယ်ဆက်၍သည်းမခံနိုင်တော့။

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာရှန်"

ဗွီဒီယိုကောကိုချလိုက်ပြီးသည့်နောက် ရှရိယန်မှာ ဆက်၍ပုံးကိုဖွင့်နေတော့သည်။နောက်ဆုံး ထိုင်ခုံကိုမြင်လိုက်ရချိန်တွင်တော့ ရှန်လော်ကဘာကြောင့်အညွှန်းစာအုပ်ကို ဖတ်ခိုင်းရသည်လဲ
နားလည်သွားခဲ့ရတော့သည်။

NianHua ||ဘာသာပြန်Hikayelerin yaşadığı yer. Şimdi keşfedin