ဘဏ်ရှိအလုပ်များသောတစ်ပတ်ပြီးနောက် ရှရိယန်မှာပထမဆုံးအကြိမ်အဖြစ် ပိတ်ရက်ကို မျှော်လင့်စောင့်စားနေခဲ့မိလေသည်။
ရှန်လော်ကယနေ့ပြန်လာမည်ကို တွေးတောနေမိသောကြောင့် ရှရိယန်မှာစနေ့မနက်ခင်းတွင် အိပ်မနေရဲခဲ့ပေ။
သူကအရင်ဆုံးထလိုက်ကာ တစ်ပတ်မျှပုံနေခဲ့သောအဝတ်များကို လျှော်ဖွပ်လိုက်လေသည်။ထို့နောက်တွင်တော့ ကောင်းမွန်သောရာသီဥတုကိုအခွင့်ကောင်းယူလျက် အိပ်ယာခင်းများနှင့်ခေါင်းအုံးများကို လေသလပ်သွားစေရန်အတွက် လသာဆောင်သို့ ထုတ်လိုက်၏။ဖုန်စုပ်စက်က ကြမ်းပြင်ပေါ်တွင် လှည့်ပတ်သွားနေချိန်တွင်
ရှရိယန်ကစားပွဲများကို သုတ်နေခဲ့လေသည်။ထို့နောက်တွင်တော့ ဟင်းသီးဟင်းရွက်များသွားဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ရှရိယန်မှာ"love cooking"ဟူသောappကို downloadဆွဲလိုက်ပြီးနောက် ဘာချက်ရမလဲတွေးတောရင်း ချက်ပြုတ်နည်းများကိုကြည့်နေခဲ့လေသည်။အဆုံးတွင်တော့ စျေးကိုရောက်ကာတစ်ပတ်မျှပတ်ကြည့်ပြီးနောက်တွင်တော့ အရာအားလုံးကို ဝယ်ချင်နေတော့သည်။စိတ်ထဲတွင်တော့ သူကဟင်းပွဲ၁၇မျိုး၁၈မျိုးလောက်ချက်ပြုတ်ချင်နေပြီး စားသောက်ပွဲကြီးကိုပင် ကျင်းပချင်နေလေသည်။
စူပါမားကတ်ကိုဖြတ်သွားချိန်တွင် ရှရိယန်မှာခဏမျှတွေးတောပြီးနောက် အထဲဝင်သွားရန် ဆုံးဖြတ်လိုက်လေသည်။ပထမဆုံးသူကအအေးခန်းနေရာမှ ဒိန်ချဥ်ဘူးအချို့ကိုယူလိုက်ပြီးနောက် ပေါင်မုန့်ကောင်တာတွင် ရွေးချယ်ရင်းအချိန်ခဏမျှသုံးလိုက်ကာ နောက်ဆုံးတွင်တော့
ကောင်တာဘေးရှိ ကွန်ဒုံးစင်ရှိရာသို့ ဖြည်းညှင်းစွာရွှေ့သွားလိုက်လေသည်။သူကငုံ့ကာ ကွန်ဒုံးတံဆိပ်များကို ဂရုတစိုက်ဖြင့်ကြည့်လိုက်၏။ဘေးဘက်မှလူငယ်လေးတစ်ယောက်က တစ်ဘူးကိုယူလိုက်ကာ ရှရိယန်ကိုငုံ့ကြည့်လာတော့သည်။
ရှရိယန်မှာ အတန်ငယ်ရှက်ရွံ့သွားလေတော့သည်။သူကတည်ငြိမ်ဟန်ဆောင်ရင်း မျက်နှာလေးကို ကုတ်လိုက်လေသည်။နောက်ဆုံးတွင်တော့ သူကလေးနက်သောအမူအယာဖြင့် ကွန်ဒုံးများနှင့်ချောဆီကိုရွေးချယ်လိုက်လေသည်။
YOU ARE READING
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...