Warning: NSFW Content 🔞
တကယ်တမ်းတော့ အသက်၃၅ကျော်နေပြီဖြစ်သည့် သက်လတ်ပိုင်းအရွယ်အမျိုးသားများအတွက်တော့ စိတ်ကူးယဥ်ဆန်ဆန်ကိစ္စများကို မလုပ်နိုင်သည့်အပြင် စိတ်ကူးယဥ်မဆန်သည့်ကိစ္စများကိုပင် မလုပ်နိုင်ကြပေ။
ရှန်လော်မှာ ကားကိုအောက်ထပ်တွင်ရပ်ထားလိုက်လေသည်။ရှရိယန်မဆိုထားနှင့် မိန်းမငယ်လေးတစ်ဦးသည်ပင် ဤပွင့်လင်းသောရည်ရွယ်ချက်ကို မြင်နိုင်လေသည်။
နှစ်ဦးသားမှာ ဓါတ်လှေကားမစီးခဲ့ကြပေ။ရှန်လော်ကရှရိယန်၏လက်ကို ဆုပ်ကိုင်ကာ
လှေကားများကို တက်ခဲ့ကြလေသည်။အစပိုင်းတွင်တော့ သူကချစ်သူကြင်သူများအဖြစ် လက်ကိုင်ထားချင်ခဲ့သော်လည်း ၆လွှာသို့ရောက်သည့်အချိန်တွင်တော့ ရှရိယန်မှာဆက်မတက်နိုင်တော့ပေ။အသက်ရှူမှားလောက်အောင် မောဟိုက်နေရင်း ရှရိယန်ကပြောလိုက်၏။
"ဓါတ်လှေကားပဲစီးကြရအောင်"
ရှန်လော်ကရယ်မောကာ ဆူလာတော့သည်။
"မင်းက အမြဲရေးကြီးခွင်ကျယ်လုပ်တာပဲ ကိုယ်မင်းကိုခုနကတည်းက ဓါတ်လှေကားနဲ့တက်ခိုင်းခဲ့သင့်တာ"
အမောတကောပြောနေရင်း ရှရိယန်ကဓါတ်လှေကားထဲ ဝင်လာခဲ့၏။
"လက်ကိုင်ထားပြီး ငါတို့ရဲ့ပျိုရွယ်ချိန်ကိုပြန်လည်ခံစားချင်ခဲ့ရုံပါ နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ တစ်ကြိမ်မှာတစ်လှမ်းချင်းစလိုက်ကြရအောင်လေ"
ရှန်လော်ကဘာမှထပ်မပြောတော့ပေ။သူကအထပ်၂၀ခလုတ်ကို နှိပ်လိုက်လေသည်။ဓါတ်လှေကားကတက်သွားနေစဥ် ရှရိယန်မှာADHDရှိနေသောလူတစ်ယောက်လို ဘေးပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်ကြည့်နေတော့သည်။
"မင်းဘာလုပ်နေတာလဲ?"
ရှန်လော်ကမေးလိုက်၏။
ရှရိယန်:"ငါကလုံခြုံရေးကင်မရာတွေကို ရှာနေတာ"
ရှန်လော်:"လုံခြုံရေးအစောင့်တွေက အဲ့တာတွေကို24/7လုံး စောင့်ကြည့်နေတာမဟုတ်ဘူး စောင့်ကြည့်နေတဲ့သူရှိတာရှားတယ်"
YOU ARE READING
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...