《Warning:Slight NSFW content》
ကောလိပ်တွင် ရှရိယန်နှင့်ရှန်လော်တို့မှာ ငြင်းခုံရန်ဖြစ်ခြင်း သို့မဟုတ် အချင်းချင်းစိတ်ဆိုးခြင်းတို့ မဖြစ်ခဲ့လုနီးပါးပင်။
ရှန်လော်၏စရိုက်က အကောင်းမွန်ဆုံးတော့ မဟုတ်ပေ။သူ့တွင် ထိုဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ ကျီစယ်အနိုင်ကျင့်ခြင်းညဥ်လေး ရှိနေခဲ့လေသည်။သူကမိန်းကလေးများကြားတွင်ကျော်ကြားပြီး ၎င်းကပင် ပိုင်ဖန်းနှင့်မကြာခဏဆိုသလို သဘောထားကွဲလွဲစေခဲ့၏။
သို့သော် ပိုင်ဖန်းဘယ်လိုပင်ကြိုးစားခဲ့ပါစေ ရှန်လော်တွင် ငြင်းခုံရန်ဖြစ်ရခက်ခဲအောင်လုပ်နေသည့် တည်ငြိမ်အေးဆေးလွန်းသည့် စိတ်သဘောထားမျိုးရှိနေခဲ့ဟန်တူလေသည်။
သူကထိုနေရာတွင်ထိုင်နေခဲ့ကာ တည်ငြိမ်စွာဖြင့်စီးကရက်ကိုသောက်နေပြီး သူ၏စိတ်ခံစားချက်များက ပျံ့ကျဲနေသောပြာမှုန့်များလို တစ်ပိုင်းတစ်စဖြင့် နားလည်ရခက်လှ၏။
ရှရိယန်ကဒေါသမထွက်နိုင်ခြင်းတော့ မဟုတ်ခဲ့ပေ။သူနှင့်ရှန်လော်မှာစတင်တွေ့ဆုံခဲ့ချိန်ကတည်းက အချင်းချင်း မကြာခဏဆိုသလို အနိုင်ကျင့်ကျီစယ်ခဲ့ကြ၏။သို့သော် ထိုအချိန်က
သူတို့၏အရူးအမူးချစ်မိနေခြင်းကြောင့် ဒေါသထွက်ငြင်းခုံရခြင်းကပင် ချိုမြိန်နေခဲ့လေသည်။ယခုလိုမဟုတ်ဘဲ သူတို့ကအသက်ကြီးလာကြကာ အတူရှိခဲ့ကြပြီးသည့်နောက် စိတ်တိုဒေါသထွက်ရခြင်းက သူတို့၏နှလုံးသားများထဲတွင်
အပင်ပန်းဆုံး၊အနာကျင်ဆုံးအရာ ဖြစ်လာခဲ့တော့သည်။သူတို့ဆက်ဆံရေး၏ ကျန်ရှိနေသောနှစ်များအားလုံးက ချောမွေ့ကာချိုမြိန်နေနိုင်စေရန် ဆုတောင်းမျှော်လင့်နေကြလေသည်။အမှောင်ထဲတွင် ရှန်လော်ကရှရိယန်၏ပခုံးများကို ပွတ်သပ်နေခဲ့၏။ခဏအကြာတွင် ရှရိယန်ကလှည့်လာခဲ့တော့သည်။ရှန်လော်က ရှရိယန်သက်ပြင်းချလိုက်သည်ကို ကြားလိုက်ရလေသည်။
"မင်းမိဘတွေ...."
ရှရိယန်ကမှန်ကန်သောစကားလုံးများကို ရှာဖွေကာ တီးတိုးဆိုလာ၏။
YOU ARE READING
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...