《Warning:Slight NSFW content》
ရှရိယန်မှာ ရုပ်ရှင်ကြည့်ပြီးနောက် ဝမ်းနည်းသည်ဟုခံစားရသည့်တိုင် ၎င်းက ညလယ်ကြီးInstagramသို့သွားမိခြင်းကိုတော့ မရပ်တန့်နိုင်ခဲ့ပေ။
ယနေ့တွင် ရှန်လော်မှာငါးဟင်းပွဲပုံတစ်ပုံတင်ထားခဲ့ပြီး တစ်စုံတစ်ယောက်က ကိုရီးယားလိုကောမန့်မန့်ထားခဲ့သဖြင့် ရှရိယန်မှာနားလည်နိုင်စေရန်အတွက် Google translateသုံးခဲ့ရလေသည်။
ကောမန့်ကပြောထား၏။
[အဲ့တာဘာလဲ?]
ထို့နောက် တုန်ယင်နေသောလက်ဖြင့် ရှန်လော်၏profileကို ထပ်မံupdateလုပ်ကြည့်လိုက်ရာ အံ့သြစရာကောင်းစွာပင် ပိုစ့်အသစ်တစ်ခု ရှိနေခဲ့လေသည်။
ဤတစ်ကြိမ်တွင်တော့ ၎င်းကရုပ်ရှင်လက်မှတ်၂စောင်သာ ဖြစ်ချေသည်။
ထိုသူ ဘယ်အချိန်ကရိုက်လိုက်သည်လဲ ရှရိယန်မသိပေ။နောက်ခံကဝိုးတိုးဝါးတားသာ ဖြစ်သော်လည်း သူ့အတွက်တော့ ကောင်တာတွင်ပေါက်ပေါက်ဝယ်နေသည့် သူ့ကိုယ်သူမြင်ရရန် လုံလောက်အောင် ကြည်လင်နေခဲ့ပေသည်။
ထိုဓါတ်ပုံတင်လိုက်ပြီးသည်နှင့် likeများကောမန့်များက တဖွဲဖွဲရောက်လာတော့သည်။
ကောမန့်များက ဘာသာစကားအမျိုးမျိုးဖြင့် မေးခွန်းများနှင့်အတူ G6ထိပ်သီးအစည်းအဝေးသစ်တစ်ခုနှင့် တူသွားစေရန် အချိန်သိပ်မယူလိုက်ရပေ။
ရှန်လော်က ဘယ်ကောမန့်ကိုမှတုံ့ပြန်ခြင်းမရှိသေးသောကြောင့် ရှရိယန်မှာအမည်မသိပရိုဖိုင်အချို့ကို နှိပ်လိုက်၏။ခဏလောက်ရှာဖွေကြည့်နေပြီးနောက် သူကInstagramကိုပိတ်လိုက်လေသည်။ထိုအချိန်တွင် ရုတ်တရက်ကြီး WeChatတွင် မက်ဆေ့ချ်တစ်စောင်ရောက်နေကြောင်း သတိပေးချက်ဝင်လာခဲ့၏။
ရှန်လော်က သူ့ကိုDVDတစ်ခု၏ဓါတ်ပုံကို ပို့ပေးလာခဲ့သည်။
ရှန်လော်က ဓါတ်ပုံကိုအချိန်အကြာကြီးကြည့်နေပြီးနောက်မှ ပြန်ဖြေလိုက်၏။
[?]
ရှန်လော်:["The notebook"(1)လေ]
ရှရိယန်:[ဘာအတွက်လဲ?]
ESTÁS LEYENDO
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...