Chapter 10

1.6K 209 40
                                    

⚠️The content of this chapter may contain sensitive material for some people. Please read the trigger warnings in summary.

-----

အဆုံးတွင် ရှရိယန်မှာမပြန်ခင်အချိန်လေးတွင်မှ အဝတ်များ ဝတ်နိုင်ခဲ့လေသည်။ရှန်လော်ကတော့ သူ၏အင်္ကျီကိုကြယ်သီးတပ်ပေးကာ ကူညီရာတွင် အလွန်ထောက်ထားညှာတာစွာဖြင့်။

လုပ်ငန်းစဥ်က အလွန်ချောမွေ့ကာ နှစ်ဦးသားမှာလုံခြုံသောအကွာအဝေးကို ထိန်းထား၏။ရှန်လော်၏လှုပ်ရှားမှုများတွင် မရေမရာမပြတ်သားခြင်းတို့ရှိမနေဘဲ သူကအမြဲတမ်း အလွန်ရည်မွန်စွာဖြင့်။

"အပြန်လမ်းမှာ ဂရုစိုက်ပါ"

ရှန်လော်ကမျက်လွှာချကာ သူ့အင်္ကျီပေါ်မှနောက်ဆုံးကြယ်သီးကို တပ်ပေးလာလေသည်။

ရှရိယန်မှာလည်ထောင်အင်္ကျီကို ဝတ်ထားသည်ဖြစ်ရာ ရှန်လော်ကဤသို့ကြယ်သီးတပ်လိုက်သည့်အခါ အသက်ရှူကျပ်သွားသလို ခံစားလိုက်ရတော့သည်။

"အဲ့ဓါတ်ပုံတွေ....."

ရှန်လော်ကပြုံးလိုက်၏။

"ငါဒီရက်တွေမှာ ဓါတ်ပုံအမှောင်ခန်းထဲမှာ အလုပ်လုပ်နေခဲ့တာ ဖလင်ဆေးပြီးသွားတဲ့အချိန်ကျရင် ငါဓါတ်ပုံတွေကိုသိမ်းထားလိုက်မယ် မင်းဘာမှစိတ်ပူစရာမလိုပါဘူး"

"ငါကကိုယ်လုံးတီးဓါတ်ပုံတွေကို စိုးရိမ်နေတာမဟုတ်ပါဘူး...."

ရှန်လော်က သူ့ကိုတိတ်တဆိတ်သာကြည့်နေခဲ့၏။ရှရိယန်မှာအာစေးမိသွားခဲ့ပြီး လက်လျော့လိုက်သလို အဆုံးတွင်တော့ တီးတိုးသာရေရွတ်လိုက်နိုင်သည်။

"ထားလိုက်တော့"

ထို့နောက် သူ့ကော်လာတွင်အလွန်တင်းကျပ်နေသော ကြယ်သီးကိုဖြုတ်လိုက်ကာ ရှန်လော်၏အိမ်မှ ထွက်လာခဲ့တော့သည်။

ရှရိယန်အိမ်သို့ပြန်ရောက်လာချိန်တွင် သူပို၍တွေးလေလေ ခံစားရဆိုးလာလေပင်။သူကစိတ်လှုပ်ရှားပူပန်သလို ခံစားနေရဆဲဖြစ်ကာ ကုတင်ပေါ်တွင် အကြာကြီးထိုင်နေမိခြင်းဖြင့်သာ အဆုံးသတ်လေတော့သည်။

NianHua ||ဘာသာပြန်Where stories live. Discover now