Chapter 11

1.6K 234 13
                                    

မိုးက ငွားငွားစွင့်စွင့် ဆက်၍ရွာနေလေသည်။ရှန်လော်မှာကားထဲတွင်ထိုင်နေရင်း ရှရိယန်ထံမက်ဆေ့ချ်ပို့ရန်အတွက် ဖုန်းကိုထုတ်လိုက်လေသည်။

Toyota Tundra၏ကောင်းမွန်သော အားသာချက်များထဲမှတစ်ခုမှာ နောက်ခုံများကလှဲချကာ အိပ်ရန်အတွက် လုံလောက်အောင်ရှည်လေသည်။

ရှရိယန်က ချက်ချင်းပြန်မဖြေခဲ့ပေ။ရှန်လော်ကလည်း ပြန်၍အလျင်လိုမနေခဲ့သည်ဖြစ်ရာ လှဲချလိုက်ပြီး ဖုန်းကိုသူ့ရင်ဘတ်ပေါ်တင်ထားကာ သူ့နှလုံးသားနှင့် နီးကပ်ထားလေသည်။

ခဏအကြာတွင် ဖုန်းကတုန်ခါလာ၏။

ရှရိယန်ကမေးလာလေသည်။

[မင်းရဲ့ညစာက ဘယ်လိုလဲ?]

ရှန်လော်က လက်တစ်ဖက်ဖြင့်ရေးလိုက်လေသည်။

[မဆိုးပါဘူး]

ရှရိယန်:[မင်းမိဘတွေရဲ့ ကျန်းမာရေးကရော? သူတို့အဆင်ပြေလား?]

ရှန်လော်:[သူတို့အဆင်ပြေတယ် အသက်၁၀၀လောက်ထိတောင် ရှင်သန်နိုင်လောက်တယ်]

ရှရိယန်က"ဟားဟား"ဟူ၍သာ ပြန်ဖြေလာလေသည်။ခဏအကြာတွင် သူကနောက်ထပ်မက်ဆေ့ချ်တစ်စောင် ပို့လာ၏။

[မင်းအချိန်တွေအကြာကြီး နိုင်ငံခြားရောက်နေခဲ့တာ သူတို့မင်းကိုအရမ်းသတိရနေလောက်တယ်]

*

ရှန်လော်မှာကယ်တင်ခံရပြီးသည့်နောက် ရှန်စုန်ရှန်းကသူ့အား စိတ်ပြုပြင်ရေးစင်တာ သို့ပြန်မပို့ခဲ့သော်လည်း သူ့မိသားစုက သူ့အားရွေးချယ်စရာတစ်ခုသာ ချန်ထားပေးခဲ့လေသည်။

နိုင်ငံခြားသို့သွားရန်။

ထိုနှစ်များအတွင်းတွင် နိုင်ငံခြားသို့သွားနိုင်ခြင်းက ဂုဏ်ဝင့်ဖွယ်ဖြစ်သောအရာတစ်ခုဟု ယူဆ၍ရနိုင်ပေသည်။ကောင်းမွန်သောအဆင့်ရှိသူများနှင့်ကောင်းမွန်သောမိသားစုအခြေအနေရှိသူများကသာ သွားရန်သင့်လျော်လေသည်။ထို့ကြောင့် သူ၏ဆွေမျိုးများသို့မဟုတ်သူငယ်ချင်းများတစ်ယောက်တစ်လေကမှ သူထွက်ခွာသွားရသည့် အကြောင်းပြချက်အစစ်အမှန်မှာ ယောက်ျားတစ်ယောက်ကို ချစ်နေမိခြင်းကြောင့်ဟု သံသယရှိကြလိမ့်မည်မဟုတ်ပေ။

NianHua ||ဘာသာပြန်Where stories live. Discover now