《Warning:Slight NSFW content》
1999တွင် QQ ဆော့ဖ်ဝဲကိုတရုတ်ပြည်တွင် ပထမဆုံးမိတ်ဆက်ခဲ့၏။2000ခုနှစ်ရောက်နေခဲ့ပြီးဖြစ်သည့်တိုင် ရှရိယန်မှာတက္ကသိုလ်သို့ဝင်ရောက်နေပြီးနောက်မှသာ sign upလုပ်နိုင်ခဲ့လေသည်။ထိုအချိန်က လူတိုင်းမှာ"chatting"လုပ်ရသည်အား သဘောကျနေကြပြီး ၎င်းကဆန်းသစ်ကာခေတ်ဆန်သောအရာတစ်ခုဟု တွေးတောခဲ့ကြ၏။ထို့ကြောင့် ကောလိပ်စတင်ချိန်တွင် လူတိုင်းကသူတို့QQအသုံးပြုသူနာမည်များကို လဲလှယ်နေကြလေသည်။
ရှန်လော်မှာ အလွန်တစ်မူထူးသူတစ်ယောက်ဖြစ်ပြီး MSNကိုသာသုံးခဲ့လေသည်။
ရှရိယန်မှာသူနှင့်တွေ့ဆုံခဲ့ပြီးသည့်နောက် MSNတွင် တိတ်တဆိတ်registerလုပ်ခဲ့သော်လည်း အသားကျခြင်းမရှိနိုင်ဘဲ ဖျက်ပစ်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့၏။
၎င်းကပင် ရှရိယန်မှာရှန်လော်ဘာကိုလုပ်သည်ဖြစ်စေ သူသည်လည်းအတူလုပ်ချင်ခဲ့ကြောင်း ခပ်ရေးရေးမျှခံစားမိခဲ့သည့် အချိန်လည်းဖြစ်ပေသည်။ သူငယ်ရွယ်စဥ်အခါကလိုပင်။ကျောင်းဆင်းပြီးနောက် သူသဘောကျခဲ့သည့်ကောင်မလေးက ဆိုဒါသောက်နေသည်ကိုမြင်တွေ့ခဲ့ရပြီး သူသည်လည်း အလုတ်အနည်းငယ်မျှသောက်ခဲ့ပေသည်။သူကတူညီသောအရာများကို စမ်းသပ်ကြည့်ချင်ခဲ့၏။
ဟိုရန်ကရှရိယန်အား "နင်ကရှန်လော်နဲ့ငြင်းခုံနေရတာ သဘောကျတယ်"ဟု ပြောလာခဲ့ချိန်က သူမပြောခဲ့သည်မှာ အခြေခံအရတော့မှန်ကန်သော်လည်း သူတို့ကဘာလို့များရန်ဖြစ်နေခဲ့ကြတာလဲ? ရှရိယန်ကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ပေ။
ထိုနှစ်များအတွင်း ရှရိယန်မှာရှန်လော်အပေါ် ပိုင်ဖန်း၏အကြည့်ကို အခါအားလျော်စွာ စောင့်ကြည့်ခဲ့ပေသည်။
နွေးထွေးကာ ဂရုတစိုက်ရှိ၍ ရွှင်ပျပြီးမပြတ်မသားဖြင့်။
"ငါလည်းအတူတူပဲဖြစ်ရမယ်"
သူကတွေးခဲ့လေသည်။
*
နောက်တစ်နေ့တွင် ချန်ဟွေ့မှာအလုပ်မတက်ခဲ့ဘဲ ကုမ္ပဏီရှိလူအားလုံးကိုအီးမေးလ်ပို့ကာ သူ၏ပျက်ကွက်မှုကို အသိပေးခဲ့လေသည်။
KAMU SEDANG MEMBACA
NianHua ||ဘာသာပြန်
Romansa"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...