ယခုအချိန်တွင် ရှရိယန်မှာ သူကောလိပ်တက်စဥ်အခါက အလွန်သတ္တိကောင်းခဲ့ကြောင်း တွေးတောလိုက်မိတော့သည်။
တကယ်တမ်းတော့ သူရှန်လော်ကို အကြောင်းပြချက်မရှိ ဘယ်လိုချစ်မိသွားခဲ့သလဲဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။အစပိုင်းတွင် သူတို့နှစ်ယောက်မှာ ရှင်းလင်းစွာဖြင့် အချစ်ပြိုင်ဘက်တစ်ဝက်စီဖြစ်ခဲ့ကြရာ သူက တိတ်တဆိတ်ဖြင့် ပိုင်ဖန်း၏ရှေ့တွင် သူ၏အကောင်းဆုံးများကိုသာ ဖြစ်စေခဲ့လေသည်။သို့သော် အချိန်အတော်ကြာပြီးနောက်တွင်တော့ သူကရှန်လော်နှင့်ယှဥ်ပြိုင်နေသည်လား ပိုင်ဖန်းနှင့်ယှဥ်ပြိုင်နေမိသည်လား ဆိုသည်ကို သူကိုယ်တိုင်ပင် မသေချာတော့။
ထိုအချိန်က ရှရိယန်မှာရှန်လော်၏အာရုံစိုက်မှုကို ရရှိရန်နည်းလမ်းများကို အမြဲတွေးနေခဲ့သော်လည်း တည်ငြိမ်အောင်ဘယ်လိုထိန်းထားရမည်လဲမသိခဲ့သဖြင့် သူသည်လည်း စိတ်ရှုပ်ထွေးခဲ့ရပေသည်။ ထိုအချိန်ကသာ Instagramလိုအရာမျိုး တစ်ခုခုရှိခဲ့သည်ဆိုပါက ရှန်လော်၏ပိုစ့်များအားလုံးက ရှရိယန်၏likeများဖြင့်သာ လွှမ်းမိုးနေပေလိမ့်မည်။
သူ့ဘဝက ထိုအရာပေါ်တွင်မှီခိုနေရသကဲ့သို့ ရှရိယန်မှာ ထိုသဘောကျမှုများကို မိုက်မဲစွာဖုံးကွယ်ထားခဲ့မိပြီး သူကရှန်လော်ကိုသိစေချင်ခဲ့သော်လည်း တစ်ချိန်တည်း၌ မသိစေချင်ခဲ့ပေ။
ရှန်လော်မှာ သူ့အိမ်အသစ်၏ဧည့်ခန်းဓါတ်ပုံကို instagramတွင်တင်ခဲ့ပြီး သူ၏ရည်းစားဟောင်း၊ရည်းစား-ရည်းစားဟောင်းနှင့် ရည်းစား-ရည်းစား-ရည်းစားဟောင်းတို့က likeများကိုချန်ထားပြီး သူတို့၏ရှိနေမှုကိုပွဲထုတ်ရန် စက္ကန့်ပိုင်းအတွင်း ပေါ်လာခဲ့လေသည်။
ရှရိယန်မှာဒေါသထွက်သွားခဲ့ပြီး သူ့ခေါင်းထဲတွင်တော့ Rong Momoကအပ်စိုက်နေသည့်ဇာတ်ကွက်[1] ကိုတွေးတောနေမိတော့သည်။
အချိန်အတော်ကြာ တွေးတောနေပြီးနောက် သူက အမူအကျင့်ပျက်ပြားနေသည့်နောက်ယောင်ခံလိုက်သူတစ်ယောက်နှင့် တူနေသည်ဟု တွေးလိုက်မိပြန်သည်။ရှေ့နောက်စကားမညီခြင်းနှင့် ကိုယ့်ကိုကိုယ်မနှစ်မြို့မှုတို့ဖြင့် သူကမောင်းမဆောင်အဖွဲ့ဝင်များ၏Instagramကို ဆက်၍စစ်ဆေးနေလိုက်တော့သည်။
ŞİMDİ OKUDUĞUN
NianHua ||ဘာသာပြန်
Romantizm"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...