ရှရိယန်မှာ ဘဏ်ရှေ့ရှိကားရပ်ထားရန်နေရာသို့
ခြောက်နာရီခွဲတွင် ရောက်သွားခဲ့ပြီး ရှန်လော်က တကယ်ကြီးကို မပြန်သေးပေ။သူကကားတံခါးကိုမှီနေခဲ့ပြီး ရှရိယန်ကိုမြင်ချိန်၌ ခေါင်းညိတ်ပြလာခဲ့၏။ဤအခြေအနေသို့ရောက်နေပြီဖြစ်သဖြင့် အလွန်အမင်းယဉ်ကျေးနေခြင်းကလည်း လေးစားမှုမရှိရိုင်းပျရာကျပေလိမ့်မည်။ထို့ကြောင့် ရှရိယန်က ရိုးရိုးတန်းတန်းသာ လျှောက်သွားလိုက်တော့သည်။
"ငါတို့ ဘယ်မှာစားကြမလဲ?"
"မင်းရွေးလိုက်"
ရှန်လော်က ယဉ်မောင်းထိုင်ခုံ၌ထိုင်လိုက်လေသည်။
"ငါပြန်မလာတာတော့်တော်ကိုကြာပြီလေ အရာအားလုံးက တော်တော်လေးကိုပြောင်းလဲသွားတော့ ဘာကိုမှမမှတ်မိတော့ဘူး"
ရှရိယန်ကpassenger seat၌ဝင်ထိုင်လိုက်ပြီး ညင်ညင်သာသာ လေချွန်လိုက်၏။
"မင်းရဲ့ဒီကားက အရမ်းကြီးတယ် မြို့ထဲမှာမောင်းရတာ ကသီကရီမဖြစ်ဘူးလား?"
ရှန်လော်က ငြိမ်သက်အေးချမ်းသောလမ်းပေါ်၌မောင်းနေခဲ့ပြီး သူ၏ကားမှာ ဂျပန်ကုန်တင်ကားငယ်၊Toyota Tundra ဖြစ်လေသည်။၎င်းကပုံမှန်ကားထက် အရွယ်အစားနှစ်ဆရှိပြီး ကားရပ်ရာနေရာ၌သာမက လမ်းပေါ်၌လည်းနေရာအတော်ယူလေသည်။၎င်းကိုမြို့တွင်း၌မောင်းခြင်းက အမြော်အမြင်ရှိသော ရွေးချယ်မှုတော့မဟုတ်ပေ။
"ငါနိုင်ငံခြားမှာ ကားအကြီးကြီးတွေမောင်းတာကို အသားကျနေလို့"
ရှန်လော်ကထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီးနောက်
ရှရိယန်ကို ကြည့်လာခဲ့၏။"ခါးပတ်ပတ်လေ"
ရှရိယန်ကခါးပတ်ကိုဆွဲကာ ပတ်လိုက်ပြီးနောက် ရှေ့သို့ကြည့်ကာ ပြုံးရင်းပြောလာခဲ့လေသည်။
"ဒါပေမဲ့ ဒီကားကအမျိုးသားတိုင်းရဲ့စိတ်ကူးယဉ်အိမ်မက်ပဲ မြင်ကွင်းက အံ့ဩစရာကောင်းတယ်"
ရှန်လော်က သူ့အားကြည့်လာ၏။
"ဒါကကားတစ်စီး သက်သက်ပါပဲ ငါ့စိတ်ကူးယဉ်အိမ်မက်မဟုတ်ဘူး"
YOU ARE READING
NianHua ||ဘာသာပြန်
Romance"တကယ်တမ်းတော့ မင်းကိုချစ်မြတ်နိုးနေရတာက ကိုယ့်အတွက် ကမ္ဘာကြီး၊နေအဖွဲ့အစည်း၊နဂါးငွေ့တန်း၊စကြာဝဠာနဲ့ စကြာဝဠာထပ်ကျော်လွန်တဲ့မရေမတွက်နိုင်တဲ့စကြာဝဠာတွေလိုပဲ" "အဲ့ဒါတွေအားလုံးပေါင်းစပ်ထားတာထပ်တောင်မှ ပိုပြီးလေးနက်သေးတယ်" *I don't own any part of this sto...