Extra 5

980 65 4
                                    

(Unicode)

သူဘေးဝိုင်ကကောင်လေးမှာ ခေါက်ဆွဲနှစ်ပွဲနဲ့ပေါက်ဆီခြောက်လုံးကို ဘယ်လိုမှစားမကုန်နိုင်လောက်ဘူးထင်ထားပေမယ့် အဲ့ကောင်လေးက နောက်ဆုံးပေါက်ဆီလုံးကိုကောက်ကိုင်လိုက်တဲ့အချိန်မှာတော့ သူထင်တာမှားနေပြီးဆိုတာကို လီရန်မင်းကသိလိုက်ရတယ် အကောင်သေးသေးလေးနဲ့ဒီလောက်ထိစားနိုင်တဲ့လူကို လီရန်မင်းဘဝမှာပထမဆုံးတွေ့ဖူးချင်ဖြစ်တယ်

"စားချင်လိုလာဟင်"

"ဟမ်!"

သူခေါက်ဆွဲစစားထဲက ဘေးဝိုင်းကလူကြီးမှာ သူကိုစိုက်ကြည့်နေတာကိုရှောင်းအားကသတိထားမိတယ် နောက်ဆုံးတစ်လုံးကျန်တဲ့ပေါက်ဆီကို သူယူလိုက်တဲ့အချိန် ပြူးသွားတဲ့အဲဒီလူကြီးရဲ့မျက်လုံးကိုလည်း ရှောင်းအားကသေချာလေးမြင်လိုက်ရတာကြောင့် အဲလူကြီးဖက်လှည့်ကာမေးလိုက်တယ်

"ကျွန်တော်စားနေတာကို လူကြီးမင်းကကြည့်နေတော့"

"အာ! ကျွန်တော်သခင်လေးရဲ့ပေါက်ဆီကိုစားချင်လို့ကြည့်နေတာမဟုတ်ပါဘူး သခင်လေးကအဲ့လောက်ထိစားနိုင်လိမ့်မယ်လိုမထင်ထားလို့ အံဪပြီးကြည့်နေမိတာပါ ရိုင်းပြမိသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်"

"ခေါက်ဆွဲနှစ်ပွဲနဲ့ပေါက်ဆီခြောက်လုံးထဲစားတာကို ဘာလိုအံဪနေတာလဲဟင်"

"ဒီဆိုင်ထဲမှာစားနေတဲ့လူအားလုံးထဲ ဘယ်သူကမှခေါက်ဆွဲတစ်ပွဲ ပေါက်ဆီတစ်လုံးထက်ပိုမစားနိုင်ကြဘူးလေးသခင်လေးရဲ့"

ဘာမှမသိ နားမလည်တဲ့ပုံစံလေးနဲ့မေးလာတဲ့ကောင်လေးကိုကြည့်ပြီး လီရန်မင်းရင်ဘက်ထဲအမျိုးမည်မသိတဲ့ခံစားချက်ဝင်လာရတယ်

"ပိုက်ဆံရှင်းမယ်"

"ငွေစနှစ်ဆယ်ပါခဗျာ"

"ပြန်မအမ်းနဲ့တော့နော်"

"ကျေးဇူးတင်ပါတယ်ခဗျာ"

ဘေးဝိုင်ကလူကြီးမင်းရဲ့စကားကြောင့် ရှောင်းအားကဆိုင်ထဲဝေ့ပတ်ကြည့်လိုက်မိတော့ တကယ်လည်းသူဝိုင်းလောက် ဘယ်သူဝိုင်းကမှ စားစရာတွေမများကြသလို တဆိုင်လုံးနီးပါးကလည်း သူကိုသိသိသာသာကြည့်နေကြတာကြောင့် ရှောင်းအားကရှက်ရှက်နဲ့ပိုက်ဆံအမြန်ရှင်းပြီး ဆိုင်ထဲကနေ ပြေးထွက်လာလိုက်မိတယ် ဒါလေးစားတာကိုဘာလို့သူကိုဒီလောက်တောင်ဝိုင်းကြည့်နေကြလဲဆိုတာ ရှောင်းအားမှာနားမလည်နိုင်လည်းဖြစ်သွားရသေးတယ်

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now