Part-8

274 17 0
                                    

Love In The Midst Of Conflict(Unicode)



"ဘာလို့လဲမား!!"

" သားလေး မားက ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးလိုက်ရုံပါ"

"ဒါပေမယ့် ကျွန်တော်ကရော မားကကျန်းမာရေးမကောင်းတာကို တစ်ယောက်ထဲထားခဲ့ပြီး အဲ့ကိုသွားစရာလားဗျာ"

"စိတ်မပူပါနဲ့ကွယ် မားကိုရှောင်းသခင်ကြီးက အဲ့ကိစ္စအတွက် ကူညီပေးမှာ။သားလေးက မားစကားကိုနားထောင်ပါကွယ် ။မားနဲ့အတူတူနေပြီး ဆင်းရဲနေမှာထက် ရှောင်းအိမ်တော်မှာ ဘဝတက်လမ်းအတွက်အထောက်အကူပြုတဲ့ပညာရပ်တွေကို သင်ယူလို့ရတယ် ဝမ်လေးရဲ့။

မားရဲ့ရောဂါကို ကုသဖို့မားက ဟိုးအဝေးကြီးကိုသွားရမှာမလို့ သားကို ဖြောင့်မတ်တဲ့ရှောင်းသခင်ကြီးဆီမှာပဲ မားက စိတ်ချနိုင်တယ်။ မားကိုသွားရတာစိတ်ဖြောင့်အောင် သားဝမ်လေးက မလုပ်ပေးချင်ဘူးလားကွယ်။"

ရှိတာမှသားအမိနှစ်ယောက်ထဲကို မားကထွက်သွားရင် သားတစ်ယောက်ထဲကျန်ခဲ့မှာလေမားရာ။ ဆွေမျိုးဆိုတာမရှိပဲ သားအမိနှစ်ယောက်ထဲနေလာခဲ့တာ တစ်ဦးတည်းသောမိခင်ဖြစ်သူကိုတော့ မခွဲရက်နိုင်ပါ။ ဒါပေမယ့် ဝမ်ရိပေါ်အနေနှင့် ယခုတွင် မားကိုအခက်တွေ့အောင် ဂျီကျနေသလိုဖြစ်နေ၏။ မားက ရောဂါအတွက် ဆေးသွားကုမှာကို သူက ပိတ်ပင်နေသလိုဖြစ်နေပြီလား။ သက်ပြင်းမောအားတစ်ချက်ချလျှက် ဝမ်ရိပေါ်သည် စိတ်လျှော့လိုက်သည့်ဟန်ဖြင့် စကားတစ်ခွန်းအားဆိုလာလေသည်။

"ဘယ်အချိန်လောက်လဲမား"

" ဝမ်လေး~~"

စကားတစ်ခွန်းက အဲ့ဒီလောက်တောင်ထိရောက်မှုရှိသွားသလား။ မျက်ရည်ဝဲပြီး နှုတ်ခမ်းထောင့်နှစ်ဖက်ကပါ တဖြည်းဖြည်း  ပြုံးယောင်သန်းလာသော မားရဲ့မျက်နှာပြင်ပေါ်တွင် ဆန္ဒတွေပြည့်ဝသွားသည့်နှယ်။ ထို့အပြင် အသံတွေပါအနည်းငယ်တုန်ယင်လျှက် ဝမ်ရိပေါ်၏ နာမ်စားအားရေရွတ်၍ ခေါ်ဆိုလာသည်က ဝမ်းနည်းဝမ်းသာဟုမည်သော အချင်းအရာကိုပါ အလွန်းအမင်းခံစားနေရပုံပေါ်နေလေသည်။ ဝမ်ရိပေါ်သည် သူ၏ မိခင်ထံသို့ သူ့မျက်နှာသေးသေးလေးမှဖန်တီးလိုက်သော ဖျော့တော့သည့် အပြုံးတစ်ပွင့်ကိုသာပြန်၍ပေးလိုက်လေသည်။

Love In The Midst Of ConflictWhere stories live. Discover now