အိမ်တော်၏ ဒုတိယထပ်မှ အဖြူနှင့်အပြာရောစပ်ထားသော ကျောင်းဝတ်စုံလေးနှင့် သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်၍ဆင်းလာသော သခင်ငယ်လေးအားကြည့်ပြီး အထိန်းတော်ကြီးမှာ အတိတ်ကိုတွေးတောမိပြန်ပါ၏။
ငယ်စဥ်ကလေးဘဝကတည်းက သူမကိုယ်တိုင် ချီပိုးပြီးချော့မြူခဲ့ရသည်မဟုတ်ပါလား။ သခင်ငယ်လေး၏ မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် သူ၏မိခင်သခင်မကြီးအား ချော့မြူနေခြင်းမရှိသည့်တိုင် ဖြူစင်စွာ ပြုံးပြခဲ့ရှာသော အပြုံးသေးသေးလေးများအား သူမမြင်ခဲ့ရပါ၏။
အရမ်းကိုချစ်ဖို့ကောင်းခဲ့သော သခင်ငယ်လေးက ဤသို့ ရုတ်ချည်းအမူအရာတွေပြောင်းလဲ သွားရခြင်းမှာ သူမအတွက်တော့ အမှန်တကယ်ပင်ရင်နာရပါ၏။ မိခင်သခင်မကြီးမရှိတော့၍ မိမိလက်ထဲတွင်ကြီးပြင်းလာပါသောကြောင့် ဒီသခင်ပေါက်စလေးအား ထိုသို့ အေးစက်သွားတာမျိုးကို သူမအမှန်တကယ်ကိုမမြင်ချင်ပါ။
သခင်ငယ်လေး အား တခြားသာမန်လူများကဲ့သို့ ရယ်ပြုံး၍ ပျော်ရွှင်စွာရှင်သန်နေမည့် အချိန်တစ်ခုကို သူမသာအသက်ရှည်ရှည် နေခွင့်ရှိအုံးမည်ဆိုလျှင် အမှန်တကယ်ပင်မြင်ချင်ပါသေး၏။
ပင်မစံအိမ်တော်၏ အောက်ဆုံးထပ်ရှိ ထမင်းစားခန်းနှင့် kitchen room ကိုတွဲထားလျှက်ရှိသော အခန်းကျယ်ကြီးထဲတွင် ကြီးမားပြီးရှည်လျားသော စားပွဲရှည်ကြီးအထက်၌ ဟင်းလျာမျိုးစုံ နှင့် အချိုတည်းစရာ သစ်သီးနှင့်မုန့်များအား စားပွဲအပြည့်ခင်းကျင်းထားပါ၏။
စားပွဲရှည်၏ထိပ်တွင် ထူးခြားဆန်းကြယ်ပြီး အသက်ဝင်သည့်ဟန်ရှိသော အနွယ်ခက်များနှင့် ပန်းပွင့်အခက်များကို ရောယှက်၍ ပလ္လင်သဖွယ် ပြုလုပ်ထားသော ထိုင်ခုံကြီး မှာ အိမ်တော်၏ သခင်ရှောင်းကျိုးယွီ အတွက် သီးသန့်ပြုလုပ်ထားသောထိုင်ခုံတော် ပင်ဖြစ်လေ၏။
သခင်ကြီး၏ လက်ယာဘေးဘက်တွင် သခင်ကြီး၏ညီတော် ရှောင်းကျောက်ယွီ နှင့် သူ၏လက်တွဲဖော်ဇနီး ရှောင်းလုဝေ၊ တတိယသခင်ငယ်လေး ရှောင်းကျောက်ဝေ တို့ အသီးသီးနေရာယူကြရ၏။သခင်ကြီး၏ လက်ဝဲဘေးဘက်တွင် ပထမသခင်လေးရှောင်းကျိုးရန်နှင့် ဒုတိယသခင်လေး ရှောင်းရှောင်ကျန့် တို့ အသီးသီးနေရာယူကြ၏။
YOU ARE READING
Love In The Midst Of Conflict
Actionyizhan fanfiction ဖြစ်ပါသည်။အရေးအသားများကိုကူးယူဖော်ပြခြင်းလုံးဝခွင့်မပြုပါ။စာရေးသူအား respect ထားသောအားဖြင့် ကူညီပါ။