Unicode
Part- 16
အခု ရှောင်းကျန့် ရင်ဆိုင်နေရတာက ညဏ်ကောင်းပြီး ခြေမြန်လက်မြန်ရှိတဲ့ သူနဲ့ထိပ်တိုက်တွေ့နေရတာ။ အိမ်မက်အကြီးကြီးတွေကိုပဲ စိတ်ကူးယဥ်နေပြီး တကယ်ဖြစ်လာအောင်ကြိုးစားမယ့် ငနဲလေးလို့လည်း ရှောင်းကျန့်ကထင်တယ်။
" ဟုတ်ကဲ့" ဆိုပြီး အမိန့်အမြဲနာခံမယ့် သစ္စာရှိခွေးပေါက်လေးလို၊ နောက်လိုက်လည်းလုပ်မယ့်သူမျိုးမဟုတ်တဲ့ လူကို နာခံတတ်မယ့် ခွေးပေါက်လေးဖြစ်လာအောင် တစ်ခါလောက် ထိန်းချုပ်ကြည့်ချင်မိတယ်။
တစ်နေ့ရန်သူဖြစ်လာမယ့်သူကို ခွေးပေါက်လေးတစ်ကောင်သဖွယ်အနားမှာထားလိုက်နိုင်ရင် အနာဂတ်မှာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့ရင်တောင် ရှောင်းကျန့်ရဲ့ ခွေးပေါက်လေးသဖွယ်ဖြစ်နေတဲ့အတွက် သူ့ကို ရှောင်းကျန့်က ထိန်းချုပ်ကောင်းထိန်းချုပ်နိုင်လိမ့်မယ်။အတိအကျတော့မပြောနိုင်ပေမယ့် ညဏ်ကောင်းလွန်းပြီး အချိန်တိုအတွင်းမှာ ဖခင်သခင်ကြီးဆီက ယုံကြည်မှုအပြည့်ရအောင်ကြိုးစားနေတဲ့ ဒီအာပေတူးကောင်ရဲ့ စိတ်ရင်းအမှန်ကို သူတကယ်သိချင်တယ်၊ ဒါကြောင့် ဘယ်လိုပဲခက်ခဲနေပါစေ ရှောင်းကျန့်က ဝမ်ရိပေါ်ကို သူ့အရိပ်ဖြစ်လာစေချင်တယ်။ ဖြစ်လာအောင်လုပ်ဖို့လည်း ဆန္ဒရှိတယ်။ ဝမ်ရိပေါ်သာ သူ့အရိပ်ဖြစ်လာရင် သူ့အနေနဲ့တစ်ချို့အခြေအနေတွေကို အချိန်မလွန်ခင် ထိန်းချုပ်နိုင်မယ်လို့ ရှောင်းကျန့်က ယူဆထားတယ်။
ဝမ်ရိပေါ်က ငယ်ငယ်လေးကတည်းက ရှောင်းကျန့်အပေါ်ခင်မင်ရင်းနှီးချင်နေမှန်းရိပ်မိတယ်။ အချိန်မတန်သရွေ့တော့ ရှောင်းကျန့်က သူ့ကို အဲ့ဒီအခွင့်အရေးပေးမှာမဟုတ်ဘူး။ ဝမ်ရိပေါ်ရဲ့ ဆန္ဒကို လမ်းဖွင့်ပေးလိုက်တဲ့တစ်နေ့မှာ ဝမ်ရိပေါ်က သေချာပေါက် သူ့အကွက်ထဲဝင်လာလိမ့်မယ်။ဒါပေမယ့် ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အပြုအမူတွေကိုကြည့်ပြီး တုံးတုံးအအ နဲ့ သဘောကျလိုက်လုပ်ပေးမယ့်လူမျိုးတော့ မဟုတ်တာသေချာတယ်။
YOU ARE READING
Love In The Midst Of Conflict
Actionyizhan fanfiction ဖြစ်ပါသည်။အရေးအသားများကိုကူးယူဖော်ပြခြင်းလုံးဝခွင့်မပြုပါ။စာရေးသူအား respect ထားသောအားဖြင့် ကူညီပါ။