Unicode
" Leo အားလားမသိဘူး"
"ဟို..ဆရာက တို့ကိုမှာလိုက်လို့ပါ၊ ဒီ assignment တွေကို တို့နဲ့ Leo နဲ့မျှပြီး ရုံးခန်းထဲအတူတူသယ်လာခဲ့ပါတဲ့"
" ဆရာကလား"
" ဟုတ်"
" ကောင်းပြီလေ၊ ကျွန်တော့်ကိုတစ်ဝက်ပေး"
ဘုန်း!!
" မင်း ငါနဲ့ခဏလိုက်ခဲ့"
" ........"
" ဟိုဟာ ရှောင်းကျန့် ဆရာက Leo ကို တို့နဲ့အတူ ဒါတွေသယ်လာဖို့ခိုင်းထားလို့ Leo ကမအားဘူးရယ်"
ဘာလား ဘာအထာလဲ၊ ဝမ်ရိပေါ်က ကိုယ့်လူလေ ဒါကိုအရှေ့က အမိကဘာဖြစ်ချင်နေတာလဲ။သူနဲ့ နှစ်ယောက်အတူထိုင်နေသည့်အထဲကမှ ညုတုတုအသံနဲ့ဝမ်ရိပေါ်ကိုခေါ်လိုက်ကထဲက သိလိုက်သည်မှာ အရှေ့ကမိန်းကလေးက ဝမ်ရိပေါ်အပေါ်ကို မရိုးသားဘူးဆိုတာကို။
ရှောင်းကျန့်က အရှေ့ကမိန်းကလေးကို စိတ်ရှုပ်သလိုအမူအရာဖြင့် မျက်နှာတည်တည်ကြည့်နေရင်းမှ ရုတ်ခြည်းဆိုသလိုပင် ဝမ်ရိပေါ်ရဲ့ဘေးနားကို ကပ်သွားလိုက်ပြီး လေသံပျော့ပျော့ဖြင့်ပြောလိုက်သည်။
" Leo ငါအရေးတကြီးသွားရမယ့်ကိစ္စရှိတယ်"
" အင်း"
" ဘာအင်းလဲ..။ အခုချက်ချင်းအဲ့စာရွက်တွေကိုချခဲ့ပြီး ကောနောက်လိုက်ခဲ့ရမှာလေ"
ယောင်အမ်းအမ်းအမူအရာနှင့် နှုတ်ဆိတ်ကာရပ်နေတဲ့ဝမ်ရိပေါ်က သူပြောလိုက်မှ ငြင်းရကောင်းမှန်းသတိရသည့်ဟန်နှင့်...
" ကောင်းပြီ...။ ဒီကမိန်းကလေး စိတ်မရှိပါနဲ့ ကျွန်တော်မအားတော့လို့ ခင်ဗျားဘာသာသယ်သွားလို့ရမလား။ ဒါမှမဟုတ် တခြားတစ်ယောက်ကိုသယ်ကူခိုင်းလိုက်ပါလား"
"ရ..ရပါတယ် Leo ၊ ရှင်မအားမှတော့ တို့ကိုယ်တိုင်ပဲသယ်သွားလိုက်ပါတော့မယ်"
ဟား.....ဒါဘာကြီးလဲ။ ပန်းနုသွေးသွားတာလား? သနားကမားပုံစံအသွင်ယူပြီး မျက်နှာငယ်လေးနဲ့ထွက်သွားသည့်အမိက မသိရင်ရှောင်းကျန့်ကပဲအနိုင်ကျင့်လိုက်သည့်ပုံစံဖြင့်။ ရှောင်းကျန့်က တကယ်အလုပ်ရှိလို့ ဝမ်ရိပေါ်ကို သူမနဲ့မလွှတ်လိုက်တာ..ဒါကို ရှောင်းကျန့်ကပဲအနိုင်ကျင့်သူလိုမျိုး လုပ်သွားတာများ။
YOU ARE READING
Love In The Midst Of Conflict
Actionyizhan fanfiction ဖြစ်ပါသည်။အရေးအသားများကိုကူးယူဖော်ပြခြင်းလုံးဝခွင့်မပြုပါ။စာရေးသူအား respect ထားသောအားဖြင့် ကူညီပါ။