Unicode
မင်းကတစ်ယောက်တည်းအေးအေးဆေးဆေးလေး နေတယ်၊ ကိုယ့်ကိစ္စကလွဲလို့ဘယ်သူ့ကိစ္စကိုမှစိတ်မဝင်စားဘူး၊ ကိုယ့်ဘာသာနေပြီး ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်တယ်၊ မင်းကဘာပြသာနာမှမရှာပဲ တစ်ယောက်ထဲနေတယ်၊ အဲ့ဒီလိုနေနေပေမယ့်လည်း သုံးစားမရတဲ့ ပြသာနာတွေက ရောက်လာတတ်တယ်။အခု ငါလည်းအဲ့ဒီအတိုင်းပဲ။
ရှောင်းကျန့်အတန်းဆင်းတဲ့အချိန် သူ့နောက်ကို ငနဲသုံးကောင်က ကပ်လိုက်လာတယ်။ အလယ်တန်းပထမနှစ် ဆိုတဲ့အရွယ်ကပညာကိုဂရုတစိုက်သင်ယူနေရမယ့်အရွယ်၊ ဒါပေမယ့် သူ့ဘာသာနေလဲ ပြသာနာက ရှောင်းကျန့်ရှေ့ကိုရောက်လာတာပါပဲ။ ဒီငနဲသုံးကောင်ဘာလို့ကပ်လိုက်လာမှန်းမသိပေမယ့် ရန်စချင်နေမှန်းတော့ ရိပ်မိတယ်။
ရှောင်းကျန့် သွားတဲ့နေရာမှန်သမျှကို နောက်ကနေလိုက်နေတယ်။ ဒါကြောင့် ကျောင်းရဲ့ ဘယ်ဘက်အခြမ်းမှာရှိတဲ့ Theater ဘက်ကိုခေါ်လာလိုက်တယ်။ အင်း...ဒီဘက်ဆိုလူအရမ်းရှင်းတယ်။ "မင်းတို့ ချချင်ရင်ချလို့ရပြီ" ဆိုတဲ့ မျက်နှာပေး နဲ့ကြည့်ပေးလိုက်တော့ ငနဲသုံးကောင်ထဲက ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ ဆံနီကောင်က အရှေ့ကိုထွက်လာတယ်။
အင်း........အူကြောင်ကျားရုပ်နဲ့။
"ဟေ့ကောင်..ရှောင်းကျန့်"
"..."
" မင်းဘာသာမင်း ရှောင်းသခင်ကြီး သားဖြစ်နေလဲဂရုမစိုက်ဘူး၊ မင်းကဘာလို့အဲ့လောက်ချေနေရတာလဲ ဟျောင့်ဟမ်!!"
အလာကြီးပါ့လား။ ရှောင်းကျန့်က စကားသာထုတ်မပြောတာ စိတ်ထဲကနေ ပြောနေတာတွေကိုမင်းတို့မကြားလို့ပါကွာ။ ဘာလို့ဆို ပါးစပ်ကနေ ထုတ်ပြောရမှာ ပျင်းလို့။
"အဲ့တော့.."
"မင်းရဲ့ပုံစံက အချိုးမပြေလို့ လာဆုံးမတာကွ..မင်းရုပ်က တစ်လောကလုံးမင်းလုပ်စာထိုင်စားနေတဲ့ရုပ်နဲ့"
မင်းတို့ပါပါးရဲ့ရုပ်က အမြဲအဲ့လိုပဲ။ဒါကိုလာပြီး မကျေမနပ်ဖြစ်ပြီး အရစ်ရှည်နေတာ။ ပြောပါတယ် ကိုယ့်ဘာသာနေလည်း ပြသာနာကလာကိုလာတာပါဆို။

YOU ARE READING
Love In The Midst Of Conflict
حركة (أكشن)yizhan fanfiction ဖြစ်ပါသည်။အရေးအသားများကိုကူးယူဖော်ပြခြင်းလုံးဝခွင့်မပြုပါ။စာရေးသူအား respect ထားသောအားဖြင့် ကူညီပါ။