Part-2

593 37 6
                                    

Unicode

တရုတ်နိုင်ငံ၏ အာဏာရှိစံအိမ်တော်များ အများဆုံးတည်ရှိသည့်နေရာဖြစ်သည့်အလျောက် လူကုန်ထံအသိုင်းအဝိုင်းများသာရှိသည့် ဤနေရာတစ်ဝိုက်မှာ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်လျှက်ရှိပြီး လမ်းတစ်လျှောက်၌လည်းမည်သည့်ဆူညံသံဟူ၍မျှမကြားရပါချေ။

ထိုစံအိမ်တော်များထဲမှ တရုတ်နိုင်ငံ၏စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေး၊နိုင်ငံရေး စသည့်နယ်ပယ်အတော်များများကိုချုပ်ကိုင်ထားနိုင်သည့် ဝန်ကြီးများထက်ပင်အာဏာရှိသော စံအိမ်တော်မှာ စစ်သူကြီးမျိုးရိုးမှဆင်းသက်လာသည့် ရှောင်းမျိုးနွယ်စု၏သခင်ဖြစ်သော ရှောင်းသခင်ကြီးရှောင်ကျိုးယွီ၏စံအိမ်တော်ပင်ဖြစ်လေသည်။

ရှင်ဘုရင်များလက်ထက်တာဝန်ထမ်းဆောင်ခဲ့ရသောစစ်သူကြီးမျိုးရိုးဖြစ်သောကြောင့် စံအိမ်တော်ကြီးမှာ အခြားစံအိမ်တော်များနှင့်မတူ ပိုမိုဆန်းပြားကာ ရှေးခေတ်နှင့်ယခုခေတ်ဒွန်တွဲလျှက်ရှိနေပြီး အမြင်တင့်တယ်စေသော ခမ်းနားထည်ဝါလှသည့်ပသာဒပင်ဖြစ်နေလေသည်။

စံအိမ်တော်၏ခြံဝန်းကြီးမှာ အတော်ပင်ကျယ်ဝန်းလျှက်ရှိပြီး စံအိမ်ဝင်ပေါက်လမ်းတစ်လျှောက်၌ Magnolia flower မျိုးစိတ်များမှာ အရောင်အသွေးစုံလင်စွာပွင့်လန်းလျှက်ရှိနေသည်မှာ စိတ်အေးချမ်းစရာမြင်ကွင်းတစ်ခုပါပင်။

စံအိမ်အဝင်လမ်း တံခါးမကြီးမှစလျှောက်လျှင် ပင်မစံအိမ်တော်ကြီးကိုရောက်ဖို့ဆိုသာ အနည်းငယ်ခြေထောက်ညောင်းမည့်အနေအထားပင်ဖြစ်လေသည်။

ထို့ကြောင့် စံအိမ်တော်ရှိအလုပ်အကျွေးပြုသူများသည်ပင် ယာဥ်များကိုသာအသုံးပြု၍သွားလာကြရသည်။ထိုသို့မဟုတ်ပါလျှင် လမ်းလျှောက်ရသည်နှင့်ပင် ခြေကုန်လက်ပမ်းကျပြီး အလုပ်အကျွေးပြုဖို့တာဝန်ကိုလစ်ဟင်းကြသည်မှာဧကန်အမှန်ပင်။

စံအိမ်တော်အတွင်း ခြံဝန်းအနောက်ဘက်တွင် ရှောင်းမျိုးရိုးများဖြစ်သည့်အလုပ်အကျွေးပြုသူများကို အိမ်တော်တစ်ခုဆောက်ပြီး အခန်းများဖွဲ့ကာ စည်းလုံးညီညွတ်စွာနေစေလေသည်။ပင်မစံအိမ်၏မနီးမဝေးသောနေရာတွင် သက်တော်စောင့်များအားကိုယ်ပိုင်အခန်းများဖြင့်နေစေပြီး စံအိမ်တော်၏အရှင်သခင်များကို ကာကွယ်ဖို့အသင့်ရှိနေကြရလေသည်။

Love In The Midst Of ConflictWhere stories live. Discover now