Part-14

285 20 5
                                    


Unicode


"ရှောင်းကျန့်!!"

"  မင်းဘာလို့ငါ့လာအော်နေတာလဲ"

" ဘာကိစ္စအမိန့်မနာခံလဲ "

" မလုပ်ချင်လို့"

" ဘာ...!!"

" ....."

" မင်း!!...ဒီမှာ မင်းဘာသာမင်း ကျန်တဲ့အချိန်ကြိုက်သလိုလုပ်လို့ရတယ်။ ဒီအချိန်မှာတော့ မင်းလုပ်ချင်တိုင်း လုပ်လို့မရဘူးကွ..အခုလိုက်ခဲ့!!"

" မလိုက်ဘူး!!"

" ရှောင်းကျန့်!! မင်းအခုတက်မလား မတက်ဘူးလား"

" မတက်ဘူး"

" အေး..ရတယ်၊ မင်းသေချာတယ်ဆိုရင် သခင်ကြီးကို သတင်းပို့လိုက်တော့မယ်"

" ......"

အထိန်းတော်ကြီးသည် အရှေ့မှသခင်လေးနှစ်ယောက်၏ စကားနာထိုးနေတာကို ကြည့်ရင်း မောလာရသည်။ ဒုတိယသခင်လေးက သူ့ဘာသာသူအေးအေးဆေးဆေးနေတတ်ပေမယ့် တစ်ခါတစ်ခါ အရမ်းခေါင်းမာသည်။ ပြန်မပြော နားမထောင်ပဲ သူစိတ်ထဲရှိတဲ့အတိုင်းသာ တည့်တိုးလုပ်ချသွားတဲ့သူမျိုး။ သူစိတ်ပါရင်လုပ်မယ် စိတ်မပါရင်လုပ်ချင်ရာလုပ်မယ်၊ သခင်ကြီးအမိန့်မှန်သမျှကိုနာခံတတ်ပေမယ့် သူမလုပ်ချင်သေးရင် ဇွတ်အတင်းခိုင်းလို့လည်းမရဘူး။ ကမ္ဘာပျက်နေရင်တောင် သူထမင်းစားနေတုန်းဆိုရင် " ငါအရင်စားလိုက်အုံးမယ်၊ ပြီးမှ ပျက်ပေါ့" ဆိုတဲ့လူမျိုး။



Leo သခင်လေးကကျ လူတိုင်းနဲ့အဆင်ပြေပြီး ဖော်ရွေတတ်တဲ့လူမျိုး ..ဒါပေမယ့် အရမ်းကြီး မရောဘူး၊ အမြဲသမာသမတ်ကျကျ နေတယ်။ ဖြတ်ထိုးညဏ်လည်းအရမ်းကောင်းတယ်၊ အရိပ်ပြယုံနဲ့ တစ်ကိုယ်လုံးကို မြင်တယ်။ အိမ်တော်သခင်ကြီးရဲ့အမိန့်မှန်သမျှကို အမြဲတသွေမတိမ်းလိုက်နာလေ့ရှိတယ်။  စိတ်ထက် လက်ကပိုမြန်တဲ့သူဆိုပေမယ့် ဒေါသကိုထိန်းချုပ်နိုင်တဲ့သူမျိုးလည်းဖြစ်တယ်။ တော်ရုံစိတ်မဆိုးတတ်သလို ဒေါသထွက်တာမျိုးတွေလည်း သူမကိုယ်တိုင်တောင် ဒီနှစ်တွေအတွင်းတစ်ခါမှမမြင်ဖူးသေးဘူး။ ဒါပေမယ့် ဒုတိယသခင်လေးနဲ့ဆိုရင်တော့ ဒီအချက်က ခြွင်းချက်ပေါ့။နောက်ပြီး သူစိတ်အလိုမကျဖြစ်လာရင် ဖော်ရွေတတ်တဲ့ပုံစံပျောက်သွားပြီး ချက်ချင်းပင် ကြောက်စရာကောင်းလောက်အောင် မျက်နှာတည်သွားတတ်တဲ့လူမျိုး။



Love In The Midst Of ConflictWhere stories live. Discover now