Part-17

242 17 3
                                    

Unicode

"အာ့.."

" သခင်လေးနာသွားလား..ကျွန်မတောင်းပန်ပါတယ် သေချာဂရုစိုက်ထည့်ရမှာကို"

" ရပါတယ် အားရီ၊ဒါနဲ့ ရှောင်းကျန့်ဆီရောသွားပြီးပြီလား၊ ကျွတ် ကျွတ်.. မသွားရသေးရင် သူ့ဆီအရင်သွားလိုက်ပါလား ဒီဆေးထည့်တာလောက်က ကျွန်တော့ဘာသာ လုပ်နိုင်ပါတယ်"

" ဒါပေမယ့် သခင်လေးမျက်နှာက ဒဏ်ရာပိုများတယ်လေ၊ အားကျန့်လေးမှာက ဒဏ်ရာသိပ်မရှိလို့ သခင်လေးဆီအရင်လာလိုက်တာ အားရီက..ဒါနဲ့ခဏနေရင် အပြစ်ခံယူရတော့မှာမလား၊ အခုသခင်လေးဒဏ်ရာကို အရင်ဆေးထည့်ပေးခဲ့လိုက်ပါမယ်၊ပြီးတာနဲ့ အားရီ ရှောင်းသခင်လေးဆီသွားလိုက်ပါမယ်"

" ဒါဆိုလည်းပြီးတာပါပဲ"

" ဒါနဲ့သခင်လေးတို့နှစ်ယောက်မှာ သခင်လေးကဘာလို့ဒဏ်ရာပိုများနေတာလဲ မျက်နှာတစ်ခုလုံးဖူးရောင်နေတာပဲ၊  အားကျန့်လေးမျက်နှာမှာကျ ဒဏ်ရာမရှိသလောက်ပဲ"

" အဟင်းဟင်း ဒါကကြ.."

ဝမ်ရိပေါ်သည် အထိန်းတော်ကြီး၏အမေးကို တန်း၍မဖြေနိုင်ပါ။ ဝမ်ရိပေါ်၏ မချိုမချဥ်မျက်နှာပေးကို သတိမထားမိသော အထိန်းတော်ကြီးသည် သူ၏ဒဏ်ရာကိုဆေးထည့်ပေးနေသည့်တစ်လျှောက်လုံး ထိုမေးခွန်းကိုသာဆက်တိုက်မေးနေသဖြင့် ဝမ်ရိပေါ်သည် သူ၏ ဂုတ်တစ်ဝက်အရှည်သာရှိသည့်  တွန့်ကွေးကွေးသဏ္ဍာန်ရှိသော ဆံပင်ကောက်ကောက်လေးတွေကြား လက်ချောင်းများဖြင့် ဦးတည်ရာမဲ့ထိုးဖွနေမိ၏။သူလည်းသေချာမသိဘူး။ ဘာလို့လဲ?


" အင်း ကျွန်တော့်ထက်ရှောင်းကျန့်က လက်ဇောင်းပိုထက်လို့နေမှာပေါ့"

" ဟုတ်မှာပါလေ သခင်လေးက အားကျန့်လေးထက်လေ့ကျင့်ရေးဆင်းတာ နောက်ကျတာကိုး..ကဲ ပြီးပါပြီ သခင်လေး ဒါဆိုအားရီကိုသွားခွင့်ပြုပါအုံး"

"ဟုတ်ကဲ့ အားရီ ကျေးဇူးတင်ပါတယ် "

" ဒီကအဖွားကြီးမခံယူဝံ့ပါဘူး"

အထိန်းတော်ကြီးသည် Leo သခင်လေး၏အခန်းထဲမှ ထွက်လာပြီးသည်နှင့် သူမ၏ခြေလှမ်းများသည် အစထဲက ပုံ​သေသတ်မှတ်ထားသလိုပင် ဆိုင်းတွမှုမရှိပဲ ရှောင်းသခင်လေး၏အခန်းသို့ ချက်ချင်းပင်ဦးတည်၍သွားလေသည်။သူမသည် အခန်းတံခါးကိုခေါက်လိုက်ပြီး သူမရောက်ရှိကြောင်းအသိပေးလိုက်ရာ ဝင်ခဲ့ဟူသောအသံကိုကြားပြီးပြီးချင်း အချိန်မဆွဲပဲ ချက်ချင်းပင်အခန်းထဲသို့ဝင်သွားခဲ့သည်။

Love In The Midst Of ConflictWhere stories live. Discover now