Part-5

330 29 8
                                    

Unicode

" ရှောင်းသခင်လေး ခင်ဗျ "

"ဒါလေး"

လက်မောင်းတစ်ဖက်ကို ဆန့်ကျင်ဘက်အရပ်သို့ ဆန့်တန်းကာ ကမ်းလင့်လာသော လက်တစ်ဖက်၊ ထိုလက်တစ်ဖက်ထဲရှိ တစ်စုံတစ်ခု၊ ထိုအရာအား ပိုင်ရှင်ဖြစ်သူထံကမ်းလင့်နေဟန် ရှိသော လက်ချောင်းများကြားမှ အရာအား နားမလည်နိုင်သော သံသယမျက်ဝန်းများဖြင့် လှည့်ကြည့်လာသောတစ်ဦးတည်းသော ပိုင်ရှင်


လူငယ်လေးနှစ်ယောက် ၏ ပထမဆုံးအကြိမ် မျက်ဝန်းနှစ်စုံ စုံမိသည့်အခိုက်၊ စူးရှသောမျက်ဝန်းများကို ဖုံးကွယ်ထား၍ ကြည်လင်နေသော မျက်ဝန်းများကိုသာ ဖော်ပြနေပြီး မျက်ရစ်မရှိသည့်တိုင် မျက်ပေတုံးလေး နှင့် ဖြူစင်စွာပြုံးပြနေလျှက်ရှိသော ပါးဖောင်းဖောင်းလေး ထက်မှ အပြုံးပွင့်လေးတစ်ခု ၏ပိုင်ရှင်နှင့်

တစ်ဖက်မှ မျက်တောင်ရှည်များ၏အောက်မှ ဖုံးကွယ်ထားလျှက်ရှိသော မျက်ဝန်းများမှာဝိုင်းစက်လျှက် မျက်လုံးအိမ်ကျယ်ကာ လှပလျှက်ဖြစ်သော်ငြား ကြည်လင်နေသော မျက်ဝန်းများနှင့်မလိုက်ဖက်စွာ အကြည့်စူးစူးများကိုသာ ပေးလာသော မျက်ဝန်းတစ်စုံ တို့စတင်တွေ့ဆုံကြလေပြီ။

" မင်းဆီ ဘယ်လိုရောက်နေတာလဲ"

" သခင်လေးရဲ့ လက်ထဲကနေ ပြုတ်ကျလာတာတွေ့လို့ ဟို.."


ရှောင်းသခင်လေးက တကယ်ကို ပါပဲ။ သူကတွေ့လို့လည်း ကောက်ပြီးလာပေးရသေးတယ်။ အခုလည်း သံသယမျက်ဝန်းတွေနဲ့ လာကြည့်နေသေးတယ်။ အဲ့မျက်ဝန်းတွေက လှပေမယ့် အခုလိုစူးစိုက်ကြည့်နေတာမျိုးကိုတော့ သူမလိုချင်ဘူး။

"ပေး!!"

" ဗျာ!! ... အော် ရော့ရော့ သခင်လေး ရဲ့ လက်ပတ်ကြိုးလေး"

ယူပြီးတန်းလှည့်ထွက်သွားတဲ့ သခင်လေးက ကျေးဇူး တင်စကားတောင်ပြောမသွားဘူး၊ ကျေးဇူး အတင်ခံချင်တာမျိုးမဟုတ်ပေမယ့် အဲ့သခင်လေးက "ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားကို သိတောင်သိမယ့်ပုံမပေါ်ဘူး။ မတင်ချင်လည်း ကိစ္စမရှိပါဘူး။ ပစ္စည်းပြုတ်ကျတာကို မြင်လို့ အမြင်မတော်လို့ ကောက်ပြီး ပေးတာ၊ ဘာနေနေ လုပ်သင့်တာကိုလုပ်ပေးယုံပဲ။

Love In The Midst Of ConflictWhere stories live. Discover now