Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၁"
ခေါင်းရွက် စျေးသည် ဘဝဖြင့် သမီးဖြစ်သူ ကို ဆေးကျောင်းသူ တစ်ယောက်ဖြစ်အောင် ဒေါ်မြတ်နွယ် တစ်ယောက် ပြုစုပျိုးထောင်နိုင်ခဲ့ပြီ ဖြစ်သည်။
အခုဆို အိမ်ဆိုင်သေးသေးလေးကို ဖွင့်လှစ်နိုင်ခဲ့ပြီး သားမိနှစ်ဦး၏ တစ်ဝမ်းတစ်ခါး ဘဝကို အေးဆေးစွာ ရှာဖွေစားသောက်နေနိုင်ခဲ့ပြီ ဖြစ်သည်။သမီးလေး အရိပ်နွေကလည်း အထည်ချုပ်စက်ရုံက အထည်လေးတွေကို ယူကာ ညဘက်ဆို အထည်ကောက်ချုပ်ရှာသဖြင့် သူမတို့ သားမိနှစ်ဦး၏ အခြေအနေသည် အတင့်အသင့် အဆင်ပြေလေသည်။
ဒီနှစ်က သမီးလေး ရိပ် ရဲ့ ဆေးတက္ကသိုလ် နောက်ဆုံး နှစ်ဖြစ်သည်။
သူမ မှာ သမီး ဆေးကျောင်းတက်နိုင်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရပြီး ဘယ်လောက် ပင်ပန်းခဲ့လဲ ဆိုတာ သူမ သည်သာ သိလေသည်။
"အမေ စျေးရောင်းကောင်းရဲ့လား"
စျေးရောင်းနေသော မိခင် ၏ ဆိုင်အတွင်းသို့ ဝင်လာပြီး မေးသူက အရိပ်နွေဆိုသော ဒေါ်မြတ်နွယ်၏ သမီးအလိမ္မာလေး ဖြစ်သည်။
"သမီး ကျောင်းက ပြန်လာပြီလား"
"ဟုတ်မေမေ"
"လာပါဦး အမေ ဆီကို "
အမေ ခေါ်သဖြင့် ရိပ် အမေအနားသွားကာ ရပ်လိုက်တော့ အမေ က သူမ လက်လေးတွေကို ထွေးကိုင်လာလေသည်။
"သမီးလေး လိမ္မာနော်"
ရိပ် အမေ ပါးကို နမ်းလိုက်ပြီး
"စိတ်ချပါ မေမေ သမီး အမြဲလိမ္မာ ပါမယ်"
အမေ က သူမ ကို ပြုံးကြည့်လိုက်ပြီး
"ကဲ ရေချိုး ထမင်းစားပြီး စာကျက်ဦး"
"ဟုတ်ကဲ့ မေမေ"
အမေ တစ်ခု သမီး တစ်ခု ဘဝက အများအမြင်မှာ ပြောစရာ တစ်ခု ဖြစ်နေသော်လည်း ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်သော အရိပ်နွေ ၏ အကျင့်ကြောင့် အမေ တစ်ခု သမီး တစ်ခု ဘဝက အေးချမ်းပျော်ရွှင်စရာ ရိပ်မြုံလေး ဖြစ်၍ နေလေသည်။
~~~~~~~~~~~~~~~~~
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...