Uni
"အချစ်-အမုန်းလွဲဆွဲပွဲ""အပိုင်း ၈"
ရိပ် မေမေ ရှိရာ ဒီအိမ်ကို သားလေး ယံကို လက်ဆွဲကာ ပြန်ရောက်ခဲ့ပါပြီ။
မပြန်လာချင်သော်လည်း မိခင်တစ်ယောက်လုံးက ဒီ အိမ်မှာ ရှိနေခြင်းဖြစ်သဖြင့် ရိပ် အတွက် ပြန်မလာချင်သော်လည်း မေမေ မျက်နှာကြောင့် ဒီအိမ်ကို ပြန်ခဲ့ရခြင်းဖြစ်သည်။
ရိပ် ဧည့်ခန်းထဲ ဝင်လိုက်လေလျှင်
"သမီး ရိပ် မေမေ သမီးလေး"
ဒေါ်မြတ်နွယ် တစ်ယောက် အိမ်အောက်ထပ်ဆင်းလာစဥ် တွေ့လိုက်ရသော သမီးဖြစ်သူကြောင့် သမီး အနားပြေးလာကာ သမီးကို ပွေ့ဖက်လိုက်လေသည်။
ရိပ် မေမေ ကို တွေ့လိုက်ရတော့ တင်းထားသမျှ စိတ်တွေ လျော့ချကာ မိခင် ရင်ခွင်ထက် ခေါင်းဝင်ခွေ့ပြီး ငိုရှိုက်မိပါသည်။
"သမီး ကို ခွင့်လွှတ်ပါ မေမေရယ်"
ရိပ် မျက်ရည်တွေကြားမှ မိခင်ဖြစ်သူကို တောင်းပန်မိပါသည်။
ဦးထက်နောင်လည်း သားမိနှစ်ယောက်ကို ကြည့်ပြီး ပီတိတွေ ဖြစ်မိရလေသည်။
ရိပ် အနားက ယံလေးကတော့ သားမိနှစ်ယောက် ကို ပြူးတူးပြဲတဲလေး ကြည့်နေသဖြင့် ဦးထက်နောင် ကလေးကို လက်ယက်ခေါ်လိုက်လေသည်။ ယံလေးလည်း သူကို ခေါ်လိုက်သော ဦးထက်နောင်ကြောင့် ဦးထက်နောင် အနားကို ရောက်လာလေသည်။ ယံလေးကို ဦးထက်နောင်ပေါင်ပေါ် ဆွဲတင်ကာ
သေချာကြည့်လိုက်တော့ ရင်ထဲမှာ သံယောဇဥ် ဆိုသော ကြိုးလေးတစ်ချောင်းက သူ့ရင်အစုံကို ရစ်ပတ်လာခဲ့၏။"အလွမ်းသယ်နေလိုက်ကြတာ ၊ ဒီသားမိ ကလေး ကို ပစ်ထားကြတယ်"
"အယ် ဟုတ်သားပဲ"
ဦးထက်နောင် စကားသံကို ကြားလေမျှ ဒေါ်မြတ်နွယ် ခင်ပွန်းလက်ထဲမှ မြေးလေးကို ပွေ့ချီီလိုက်ပြီး
"ဒါ မေမေ မြေးလေးလား ချစ်စရာကောင်းလိုက်တာ သမီးရယ်"
"ဟုတ် မေမေ"
ကလေးကို မြူရင်း ဒေါ်မြတ်နွယ် တစ်ယောက်ပြုံးရွှင်နေလေသည်။
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...