Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၁၈(ဇာတ်သိမ်း)"
သူ ရိပ်လက်ကလေးကို သူ ဆုတ်ကိုင်ရင်း ရိပ် ဘာမှမဖြစ်ရန် ဆုတောင်းခဲ့သည့် မှာ ဆုတောင်းပြည့်ခဲ့ပါသည်။
သတိရလာသော သူမ နဖူးလေးကို သူ ဖွဖွလေးနမ်းလိုက်ပြီး
"ကျေးဇူးပါ ရိပ် မောင် ဘဝ အတွက် မင်းမရှိလို့ မဖြစ်လို့ပါ"
ဖြူဝင်းသော သူမ မျက်နှာလှလှလေးအား ငေးကြည့်ရင်း သူ နှစ်ခြိုက်စွာ ပြုံးလိုက်မိလေသည်။
"ဒေါက်တာ"
နောက်ပါးဆီမှ သူနာပြု ဆရာမလေး နန်းဝါ အသံကြောင့် သူ လှည့်ကြည့်လိုက်ပြီး
"ဘာဖြစ်လို့လဲ ဆရာမ"
သူ မျက်ခုံးပင့်ကာ မေးလိုက်ရာ ဆရာမလေး နန်းဝါက
"ဟိုလေ မမရိပ် ခြေချော်တဲ့ နေရာက ဒါတွေ့လို့ပါ ဒေါက်တာ"
"ဟင်"
နန်းဝါ လက်ထဲမှ ငှက်ပျောခွံကို ကြည့်ပြီး သူ အံ့သြနေမိလေသည်။
ဘယ်လိုဖြစ်လို့ ဒီ ငှက်ပျောခွံက စင်္ကြန်လမ်းထဲရှိနေရတာလဲ။မနက်က သန့်ရှင်းရေး သမားတွေ သန့်ရှင်းရေး သေချာလုပ်ထားတာကို သူလည်းသိနေသည်ပဲလေ။
ထိုအတွေး အသိထဲရောက်လာသည့်အခါ မဖြစ်ဘူး၊ ဒီကိစ္စ အခုစုံစမ်းမှ ဖြစ်မည်ကို ချက်ချင်းသတိရလိုက်၏။
"ဆရာမ ခဏ ရိပ် အနားနေပေးပါနော် ကျွန်တော်ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ "
စကားအဆုံးတွင် နေထက် ရိပ် ကို စိတ်မချစွာကြည့်ရင်း အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~"သစ္စာခင် ဒါ မင်းအကြံ အကုန်ပဲလား"
နဂို ကတည်းက ခြေဖျား လက်ဖျားတွေ အေးကာ ရင်တမမ ဖြစ်နေရသည့် အထဲ သူ၏ စိမ်းသက်သော မျက်ဝန်းများဖြင့် အေးစက်သော အသံကြောင့် သူမ ပို၍ ထိတ်လန့်နေရလေသည်။
"ရှင်ဘာတွေလာပြောနေတာလဲ"
"အဟွန့် မင်းက ဗြောင်လိမ်ချင်နေသေးတယ် ရိပ်ကို ထိခိုက်အောင် လုပ်တာ မင်း ဆိုတာ ငါ့သိပြီးပြီ"
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...