Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၁၇"
ဆွေ့ခနဲ ပွေ့ချီခံလိုက်ရသဖြင့် လန့်ကာ သူကျောပြင်ကို ရိပ် ဖက်ထားလိုက်ပြီး
"နေထက်ယံ ကျွန်မ စိတ်တိုလာပြီနော် အခု အောက်ချပေး"
"အဟီး ဆောရီးပါ အပျော်လွန်သွားလို့ပါ ရိပ်လေးရယ် "
နေထက် ရိပ်ကို ညင်သာစွာ မွေ့ယာပေါ်တင်ပေးလိုက်ပြီး ရိပ် ပါးလေးကို သူ ဖွဖွလေးနမ်းလိုက်မိသည်။
"ကျေးဇူးပါ ရိပ်ရယ် မောင်အတွက် နောက်ထပ်ရင်သွေးလေး လွယ်ပေးလို့ပါ"
"အို"
ရိပ် မျက်ခုံးလေးပင့်ကာ သူကို ကြည့်လိုက်ပြီး
"ရှင် ဘယ်လိုသိလဲ"
ပန်းသွေးရောင် ရှက်မျက်နှာလေးဖြင့် သူကို ကြည့်ကာ မေးခွန်းထုတ်နေသော ချစ်ဇနီး ကို သူ အသည်းယားစွာ ကြည့်လိုက်ပြီး
"ဒီလိုပဲပေါ့ ရိပ် ရေချိုးခန်းမှာ ထားခဲ့တဲ့ အရာကြောင့် သိတာလေ"
အယ် ဟုတ်သားပဲ။ ရိပ် ဆီးစစ်ပြီး အမှိုက်ပုံးထဲထည့်ကာ သတိမေ့နေခဲ့ခြင်းဖြစ်သည်။
ရှက်လိုက်တာနော်။
မျက်နှာလေး နီရီကာ သူရှေ့မှာ အရှက်သည်းနေသော ချစ်ဇနီးကို မြတ်နိုးမဝစွာ ငေးကြည့်ရင်း
"မောင် ရေချိုးဦးမယ် ခဏနော် ဘယ်မှ မသွားနဲ့နော်"
ရိပ်ကို အထပ်ထပ် အမှာတော်ပါးပြီး အကဲပိုနေသော သူက တကယ်အမြင်ကပ်စရာ။
သူအဖြစ်ကို ကြည့်ပြီး ရယ်တော့ ရိပ် ရယ်ချင်မိလေသည်။
~~~~~~~~~~~~~~~~~
သားသားကို ကျောင်းကြိုတော့လည်း သူသာ သားသားကို ကျောင်း ကြိုလေသည်အချက်အပြုတ်လည်း သူသာ အိမ်ရှင်မကြီး သဖွယ်ချက်ပြုတ်လေသည်။
သားသားက ကျောင်းသွား ကျောင်းပြန်သာ သူခေါ်၍ ရပြီး ကျန်အချိန်မှာ ခေါ်၍ မရပေ။
ဒီနေ့လည်း သားကိုကျောင်းပို့ပြီး ဆေးရုံသို့အလာ သူရိပ်ကို ကားပေါ်မှ ညင်သာစွာ ပွေ့ချီကာ အောက်ချပေးလေသည်။
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...