Uni
"အချစ် -အမုန်း လွန်ဆွဲပွဲ"
"အပိုင်း ၁၅"
လက်ထပ်ခြင်းဆိုသော ခေါင်းစဥ်အောက်မှာ သူ နှင့် သူမ အကြင်လင်မယား အရာရောက်ခဲ့ရပါပြီ။
ရိပ် ဘက်က သူကို တချက်မှ မျက်နှာသာ မပေးသလို သားကလဲ သူကို မကြည်ဖြူခဲ့ပေ။
သားမိနှစ်ယောက်လုံးက သူ့ကိုဆိုလျှင် ခပ်စိမ်းစိမ်းသာ ဆက်ဆံကြလေသည်။
"သား ဖေဖေ ဆီလာပါဦး"
"ဟင့်အင်း"
သားက သူဆီ လုံးဝမလာပေ။ သူ့ကိုဆို သားငယ်က ရှောင်ဖယ်ဖယ် လုပ်နေတတ်သဖြင့် သူရင်ထဲမှာ စူးအောင့်နာကျင်ရလေသည်။
ရိပ် ကြည့်ပြန်တော့လည်း
"ရိပ် ဘာတွေ လုပ်နေတာလဲ "
ညဘက် တစ်ယောက်ထဲ ကွန်ပျူတာ တစ်လုံးနှင့် အလုပ်ရှုပ်နေသော ရိပ်အား သူမေးမိလိုက်ခြင်းဖြစ်သည်။
"ကျွန်မ ဘာလုပ်လုပ် ရှင် အပူမပါဘူး အထူးသဖြင့် ရှင့်ကျွန်မ အသားကို ထိပြီး အခွင့်အရေးယူမယ် မစဥ်းစားနဲ့ ဒီတစ်ခါဆို အသက်ခြင်း လဲပစ်ဖို့ ဝန်မလေးဘူး"
ရိပ် ရဲ့ ဘောက်ဆက်ဆက် ဒေါသအသံလေး ထွက်ပေါ်လာတော့ သူမှာ ဘာမှ မပြောရဲဘဲ ငြိမ်နေရပြန်သည်။
အိပ်ယာဝင်ပြန်တော့လည်း
"ဟိတ်လူ ထ "
သူကို အတင်းလှုပ်နိုးကာ အိပ်ရာထစေသူလေးက သူချစ်ရပါသော အရိပ်နွေဆိုသော သူမလေးသာ ဖြစ်သည်။
"ဘာလဲ ရိပ် ကိုယ့်အိပ်ချင်တယ်"
"ထ မလိုချင်ဘူး"
ရိပ် ရဲ့ ဆူအောင့်အောင့် အသံလေးကြောင့် နေထက် မျက်လုံးတွေ ပွတ်သပ်ကာ ထထိုင်လိုက်ပြီး
"ဘာပြောမလို့လဲ ရိပ်"
"ဘာမှမပြောဘူး ရှင် အောက်မှာအိပ်"
"ဟာ "
ကုတင်အောက်ကို လက်ညှိုးထိုးကာ ပြောနေသော ရိပ် ကို သူ အံ့သြသလို ကြည့်ပြီး
"ကိုယ့် က အောက်မှာ အိပ်ရမယ်"
"ဟုတ်တယ် မအိပ်နိုင်ဘူးလား ရတယ်နော် ကျွန်မ အိမ်က ထွက်သွားဖို့ ဝန်မလေးဘူး"
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...