Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၇"
ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကို ကားဂိတ်ထိုးလေလျှင် ရိပ် သားနှင့် ခရီးဆောင်အိတ်ကို သယ်ကာ ကားပေါ်က ဆင်းခဲ့လေသည်။
"ဟေ့ ရိပ်"
ရိပ် အား လက်ပြရင်း ရိပ် အနားလျှောက်လာသူက ချစ်လှစွာသော သူငယ်ချင်းမလေးရီမွန်ဖြစ်သည်။
"ဟယ် ရိပ် သားက အချောလေးပဲ"
ရီမွန်စကားကြောင့် ရိပ် ပြုံးလိုက်ပြီး
"ငါ့နဲ့ တူလို့ နေမှာပေါ့"
"နင်နဲ့ မတူပါဘူး ဟာ တကယ်တူတာ သူ အဖေ နဲ့"
"ဟင်"
ပါးစပ်က လွှတ်ခနဲ့ ပြောပြီးမှ ရီမွန် ပါးစပ်ကို လက်ဖြင့် ပြန်အုပ်ပြီး ရိပ် ကို ကြည့်လိုက်မိလေသည်။ ထိုသို့ကြည့်လိုက်သည့်အခါ မျက်ရည်လေးတွေ ဝိုင်းနေသော ရိပ်ကို တွေ့လိုက်ရသဖြင့် ရီမွန်စိတ်မကောင်းဖြစ်ခဲ့ရလေသည်။
"sorry သူငယ်ချင်း ငါ့ စကားပြောမှားသွားတယ်"
ရိပ် ယဲ့ယဲ့လေး ပြုံးလိုက်ပြီး
"ရပါတယ်ဟာ "
"ပေး ငါ့ကို အိတ်တွေ"
ရိပ် လက်ထဲက အိတ်ကို ရီမွန် ယူလိုက်ပြီး ကားရှိရာ လျှောက်လာခဲ့ကြ၏။
"ရီမွန် ဒီနေ့ ဂျူတီ ရှိတယ် မဟုတ်လား"
သူမကို နားမလည်သလို မေးလာသော ရိပ်ကို ရီမွန်ပြုံးပြလိုက်ပြီး
"ဂျူတီထက် ငါ့သူငယ်ချင်းကို ပိုချစ်လို့ ဂျူတီ off ခဲ့တယ်"
"သူငယ်ချင်းရယ်"
ရိပ် ရင်ထဲမှာတော့ ရီမွန်ကို အရာရာ အားလုံးအတွက် ကျေးဇူးတင်နေမိလေသည်။ရီမွန်ဟာ ရိပ် ဘဝမှာ တစ်ဦးတည်းသော ကျန်ရှိနေသော ရိပ်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။
"သား နာမည် ဘယ်လိုခေါ်လဲ"
"မိုးထက်ယံ ပါ ခင်ည"
"အယ် သားက လိမ္မာလိုက်တာ လာပါဦး တီတီဆီ"
ရီမွန် အလွန်လည်လှသော သားယံကို ပွေ့ဖတ်လိုက်ပြီး နမ်းလိုက်မိလေသည်။
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...