Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၁၀"
သစ္စာကို ကိုကို ရှောင်နေသည့်မှာ ၂ ရက်လောက်ရှိလေပြီ။
"ဘာကြောင့်လဲ ကိုကို သစ္စာမှာ ဘာအပြစ်ရှိလို့လဲ"
အဖြေရှာမရသည့် ပုစ္ဆာအတွက် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရင်း သစ္စာ ရင်ထဲ မောလျှလာရသည်။
ထိုကြောင့် သစ္စာ ကိုကို ရုံးခန်းရှိရာသို့ လာခဲ့မိလေသည်
"ဒေါက် ဒေါက်"
"ဝင်ခဲ့လေ"
သစ္စာ ဆူဆူအောင့်အောင့်ဖြင့် အခန်းထဲ ဝင်လာသော သစ္စာ ကို ကြည့်ပြီး သူ့ ပါးစပ် အဟောင်းသားဖြစ်သွားရ၏။
"သစ္စာ"
"ဘာလဲ ကိုကို က သစ္စာကို မြင်ရတာနဲ့ သရဲသဘက်များ မှတ်နေလား "
"မဟုတ်ပါဘူး သစ္စာရယ် ကိုယ့်ဆီ လာတဲ့ကိစ္စ ပြောပါဦး"
သစ္စာ အလိုမကျဟန်ဖြင့် သူ့အရှေ့တွင် ဝင်ထိုင်လိုက်ပြီး
"ကိုယ့် ချစ်သူ ဆီ လာတာ မလာရဘူးလား ဟင်"
သစ္စာ သူကို ငေးငေးလေး ကြည့်ပြီး မေးလာလေရာ သူ သက်ပြင်းကို ရှိုက်ရင်း
"ကိုယ့်တို့ လမ်းခွဲကြရအောင် သစ္စာ"
"ဘာရယ်"
သစ္စာ အံ့သြသလို သူ မျက်နှာကို မယုံနိုင်သလို ကြည့်လိုက်မိ၏။
"ဘာလို့လဲ ကိုကို ဘာကြောင့်လဲ"
သူမ မျက်ဝန်းများ မျက်ရည်များ ဝဲလာကာ သူကို ကြည့်ရင်းမေးလိုက်မိ၏။ သူ သူမကို သနားဂရုဏာ သက်စွာ ကြည့်ပြီး သူမ အနားကို လျှောက်လာကာ သူမ ကို ထွေးပွေ့လိုက်ရင်း
"တောင်းပန်ပါတယ် ဘာကြောင့်လို့ မပြောပြနိုင်ပေမယ့် မင်းကို မနာကျင် စေချင်ပါဘူး ဒါပေမယ့်ကွာ ကိုယ့်ကြောင့်နဲ့လဲ မင်းကို မနစ်နာစေချင်ဘူး သစ္စာရယ်"
သူရင်ထဲမှာလည်း နာကျင်နေရပါပြီ။
ဘဝလက်တွဲဖော်ဟု သတ်မှတ်ထားသော သူမ လေးနှင့် သူ အဖြစ်က နောက်ဆုံး နာကျင်မှုတွေနှင့် ဇာတ်သိမ်းခဲ့ရသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပြီ မဟုတ်ပါလား။
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...