Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၄"
ရိပ် စိတ်တွေ သိပ်မကြည်သဖြင့် ဒီနေ့ အတန်းမတက်ဘဲ အိမ်ပြန်ခဲ့လေသည်။
သူမ စိတ်တွေထဲမှာ ရှုပ်ထွေးနောက်ကျိနေရလေသည်။
"မောင်ရယ် စကားလုံး ကြမ်းကြမ်းတွေနဲ့ ရိပ်နှလုံးသားကို တစီချေမွရက်သူကြီး ရိပ် ရင်ထဲကို တစ်ချက်မှ ဝင်မကြည့်သူကြီး"
ရိပ် အခန်းတံခါးပိတ်ကာ ရှိုက်ကြီးတငင် ငိုမိလေသည်။
"သမီး သမီးလေး"
အခန်းတံခါးခေါက် မေမေ ရဲ့ ခေါ်သံကြောင့် ရိပ် အပြင်ထွက်လာလိုက်ပြီး
"မေမေ သမီးအန်ကယ်နဲ့ ညစာစားပွဲလိုက်သွားဦးမယ် အဲ့ဒါ သားနေထက် ပြန်လာရင် ထမင်း ကျွေးလိုက်ဦးနော်"
"ဟုတ်မေမေ"
"ဒါဆို မေမေတို့ သွားမယ်နော်"
"ဟုတ်မေမေ"
ဒေါ်မြတ်နွယ် သမီး ကို ပြုံးပြပြီး လှည့်ထွက်လာခဲ့လေသည်။
ရိပ် မေမေ တို့ ကားလေး ခြံထဲမှ ထွက်သွားသည့် အသံကို နားစွင့်ရင်း သက်ပြင်းရှည်ကြီး တစ်ခုသာ ချမိလေသည်။
"မေမေရယ် ရိပ် ရင်တွေ နာနေတာ မေမေ မသိပါဘူး ထားပါတော့ မေမေ စိတ်ချမ်းသာရင် သမီး ကျေနပ်ပါတယ်"
နာကျင်လှသော ရိပ် နှလုံးသား တစ်စုံက မောလျှစွာ ပင်ပန်းနေသည့်ကိုတော့ ဘယ်သူစာနာနားလည်နိုင်မည်နည်း။
~~~~~~~~~~~~~~~~~နေထက် သူငယ်ချင်းဖြစ်သူ သီဟ ရဲ့ စားသောက်ဆိုင်မှာ တစ်ခါမှ မသောက်ဖူးသော ပြင်းရှရှ အရက်တို့ကို သောက်နေမိ၏။
"ဘယ်လို ကံကြမ္မာလဲ ချစ်ရက်နဲ့ ကိုယ်တိုင် နာကျင်ခံစားရတာ ချစ်တယ် ရိပ် ရယ် မောင် နှလုံးသား တစ်ခုလုံးကို မင်းအပိုင်သိမ်းနိုင်တယ် မင်းကို ချစ်လဲ ချစ်တယ် မုန်းလဲ မုန်းတယ်"
မူးမူးဖြင့် ပြောချင်ရာတွေ ပြောနေသူက နေထက်ရယ်ပါ။
"နေထက် ဟိတ်ကောင် တော်ပြီ ပြန်မယ်ထ "
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...