Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၁၆"
အိမ်ပြန်ရောက်သည့် အထိ နှစ်ယောက်သား စကားမပြောဖြစ်ကြပေ။
ကားပေါ်မှ ဆင်းသည်ဆိုလျှင်ရိပ် လက်ကို ဆွဲကာ နေထက် အပေါ်ထပ် အခန်းရှိရာတက်ခဲ့လိုက်သည်။
အခန်းတခါးကို ခပ်ကြမ်းကြမ်းဆွဲဖွင့်ကာ အခန်းတံခါးကို နေထက် သေချာပြန်ပိတ်လိုက်ရာ
"ရှင် ဘာလုပ်တာလဲ"
ရိပ်ကို ဒေါသမျက်ဝန်းများဖြင့် သူ့ကို ကြည့်ပြီး မေးလိုက်၏။
"မင်း အဲ့အကောင်နဲ့ တွေ့ရင်သိပ်ပျော်နေလား ရိပ် ငါ့ အပေါ်မှာ မင်းအပြုံးတွေ မရှိသလောက်ရှားတယ် ဒီအကောင်နဲ့ကျတော့ မင်းအပြုံးတွေချိုလို့ ငါ့က မင်းအတွက် ဘာလဲ ရိပ်"
သူကြေကွဲ စွာမေးလိုက်ရာ ရိပ် ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး
"ရှင် အတွက်ကျွန်မ ပြုံးပြဖို့ ထိုက်တန်လို့လား ကိုနေထက်ယံ တစ်ချိန်လုံး ရှင် အမုန်းတွေနဲ့ နေသားကျခဲ့တဲ့ ကျွန်မ အစ်ကိုကြောင့် ပျော်ရွင်ခဲ့ရတာ အစ်ကိုကြောင့် အရာရာ အဆင်ပြေခဲ့တာ"
"တော်တော့ရိပ်"
ရိပ်ကို ဒေါသတကြီး သူအော်ဟစ်မိပြန်ပါသည်။
"ကျွန်မပြောတာ မပြီးသေးဘူး နားထောင်ပေးပါဦး ကျွန်မ သားကိုယ်ဝန်လွယ်ပြီး လင်ကောင်မပေါ်ဘဲ ခလေးမွေးရတဲ့ အချိန်မှာ ကျွန်မကို single mon အဖြစ်ရပ်တည် နိုင်အောင် ကျွန်မကို စိတ်ဓာတ်တွေ ခွန်အားတွေ ပေးခဲ့တာ အစ်ကို ပါ ရှင်မဟုတ်ဘူး ရှင်က ကျွန်မကို စားပြီးနားမလည် ဝါးပြီးထွေးထုတ်ပုံစံမျိုး သစ်စိမ်းချိုး ချိုးခဲ့တဲ့ အချိန်မှာ အစ်ကိုက ကျွန်မကို နေစရာပေးခဲ့သလို ဖြူစင်တဲ့ မေတ္တာတွေ ပေးခဲ့တယ်"
ရိပ် ရင်ထဲမှာ နာကျင်ခံစားခဲ့သမျှ သူမအရှေ့တွင် ရှိနေသော သူအား ပေါက်ကွဲမိလေသည်။
"တောင်းပန်ပါတယ်"
"အဟွန့်"
ရိပ် နှုတ်ခမ်းကို တွန့်ရုံသာ မဲ့ပြုံးပြုံးလိုက်ပြီး
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romansaဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...