Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၉"
တစ်နေ့နှင့် တစ်နေ့ နေထက် နှင့် ရိပ်ကြားက မပြေလည်မှုက ကြီးစိုးလာခဲ့သည်။
ရိပ် မှာလည်း မိခင် မျက်နှာဖြင့် သည်းခံနေရသည့် အချိန်တွေများခဲ့လာခဲ့၏။
ဒီကနေ့လဲ သူငယ်ချင်းမွေးနေ့မို့ သားသားကို ခေါ်ပြီး ပါတီပွဲသို့ ရိပ်လာခဲ့သည်။
မွေးနေ့ရှင်ကတော့ အခြားသူ မဟုတ်ပေ။ ဆေးကျောင်းတက်ခဲ့စဥ်က ခင်ခဲ့သော သူငယ်ချင်းဖြစ်သူ မေမိုး မွေးနေ့ဖြစ်သည်။
"Happy birthday မေမိုး"
"ဟာ ရိပ်"
မေမိုး က ရိပ်ကို တွေ့တော့ အားရဝမ်းသာ ပွေ့ဖက်လိုက်၏။
"ငါ့ သူငယ်ချင်း မတွေ့တာတောင်ကြာပြီ ဒါ နင့်သားလေးလား၊ ချစ်စရာလေးဟယ် "
"ဟုတ်တယ်"
"ချစ်စရာလေး"
မေမိုးက သားကို အူးယားစွာ ပွေ့ချီလိုက်ပြီး
"လာ ဟိုဘက်မှာ သူငယ်ချင်းတွေပဲ သီးသန့် ဝိုင်းရှိတယ် ရီမွန်တောင် ရောက်နေပြီ""ဟုတ်လား"
သူငယ်ချင်းတွေ ဆုံမည် ဆိုသောကြောင့် မေမိုး ခေါ်ရာနောက် ရိပ်လိုက်ခဲ့လေသည်။
ရုတ်တရတ် နေထက်ကို တွေ့လိုက်ရသဖြင့် သူမ ရင်ဘက်တွေ အောင့်လာရလေသည်။
သစ္စာခင် အား လူပုံအလယ်မှာ ပွဲထုတ်ပြီး ပျော်ရွှင်နေသော နေထက် ရယ်မောနေသည့် အပြုံးတွေက အသက်ဝင်လွန်းလှသည်။
သူမ ဘယ်လို အင်အားမျိုး နှင့် ဆက်ကြည့်နေနိုင်မည်နည်း။
"ရိပ် လာလေ"
သတိလက်လွှတ်ငေးနေသော ရိပ်ကို မေမိုး ပြောလိုက်တော့
"အင်း"
မေမိုး နှင့် အတူ ရီမွန်ရှိရာ ရိပ် လာခဲ့လိုက်သည်။
"ဟာ သားသားယံ လာပါဦး တီတီ ဆီ"
ရီမွန်က သားယံကို သူမ ပေါင်ပေါ်တင်လိုက်ပြီး သူမ အနားတွင် ဝင်ထိုင်လာသော ရိပ်အား
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...