Uni
"အချစ်-အမုန်းလွန်ဆွဲပွဲ"
"အပိုင်း ၁၄"
အချိန်က ည၁၂ နာရီအချိန်ရှိပြီဖြစ်သည်။
နေထက်တစ်ယောက် ခေါင်းမှ ဒဏ်ရာကို ဆေးမှန်းထည့်ပြီး အိမ်ကို ဖုန်းခေါ်လိုက်မိသည်။
"ဟယ်လို "
"သား ဘယ်မှာလဲ"
ထွက်ပေါ်လာသည့်က ဖေဖေ အသံဖြစ်သည်။ ဖေဖေ အသံကို ကြားလိုက်ရသည်နှင့် နေထက် သက်ပြင်းကို ရှိုက်လိုက်ပြီး
"သား ဖွားဖွားခြံ ရောက်နေတယ် သား ရိပ်ကို ခိုးပြေးလာတာ ဖေဖေ"
"ဟေ"
ဖေဖေ ထံမှ အံ့သြသည့် အသံထွက်လာလေရာ နေထက် အိပ်ပျော်နေသော ရိပ် မျက်နှာလေးကို ငေးကြည့်မိလိုက်၏။
"ပြောရရင် ရှည်မယ် ဖေဖေ သားယံလေးက သားရဲ့ သွေးသား သားရဲ့ သားလေးပါ ဖေဖေ"
"ဟင် ဘယ်လိုတွေ ဖြစ်ကုန်တာလဲ"
ဦးထက်နောင် နားမလည်စွာ သားဖြစ်သူကိုသာ မေးခွန်းပြန်ထုတ်လိုက်မိသည်။
"ပြောရရင် အရှည်ကြီးပါ ဖေဖေ အဓိကကတော့ သားရဲ့ ကိုယ်ပိုင်မိသားစုလေး မပြိုကွဲချင်လို့ အခုလို လုပ်လိုက်ရတာ ဖေဖေ သားကို နားလည်ပေးပါ ဖေဖေ"
ဦးထက်နောင် သားရဲ့ တောင်းပန်စွာ ပြောနေသော စကားကြောင့် အဓိပ္ပါယ်ရှိရှိပြုံးလိုက်ပြီး
"အဖေ မြေးဆိုမှတော့ အဖေ ဘာမှ ပြောစရာမလိုတော့ပါဘူး သားရယ် အဖေ နားလည်ပါတယ် မနက်ဖြန်ရောက်ရင်သာ သမီးကို ခေါ်ပြီး အိမ်ကိုပြန်လာခဲ့ပါ မင်္ဂလာကိစ္စ ဖေဖေ စီစဥ်ပေးမယ်"
"ဟုတ်ကဲ့ ဖေဖေ"
ဖေဖေထံမှ သဘောတူညီမှုကို ရသည့် အခါ သူရင်ထဲ ကြည်နူးမိသည်။
ဖေဖေ ဖုန်းချသွားသည့်အခါ နေထက် လှေကားမှ အောက်ထပ်သို့ ဆင်းကာ ထမင်းစားခန်းထဲသို့ ဝင်ခဲ့လိုက်ပြီး ခေါက်ဆွဲ ၂ထုတ်ကိုပြုတ်လိုက်၏။
ပြီးနောက် ပန်းကန်ထဲ သေသပ်စွာ ထည့်၍ အပေါ်ထပ် အခန်းရှိရာသို့ ပြန်တက်ခဲ့လိုက်သည်။
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ
Romanceဒေါက်တာ နေထက်ယံ နဲ့ သူရဲ့ ငယ်ချစ်ဦး သူနာပြုဆရာမလေး အရိပ်နွေ ဆရာဝန်ဖြစ်ဖို့ နှစ်ယောက်အတူ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဆေးကျောင်းနောက်ဆုံးနှစ်မှာ သူတို့ နှစ်ယောက်ရဲ့ ရင်ထဲက အချစ်တွေသေဆုံးခဲ့တယ် ဆိုပါတော့ ငယ်ချစ်ဦးတွေ...